• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, January 28, 2021
No Result
View All Result

သားလေးမြတ်သူနဲ့အတူ ရထားလုံးစီးပြီး ပြင်ဦးလွင်မှာ လျှောက်လည်ခဲ့ကြတဲ့ မြင့်မြတ်တို့မိသားစု

We Love Cele by We Love Cele
January 18, 2020
in အနုပညာ
0

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘာဝမင်းသားလို့တောင် တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မြင့်မြတ်က အကယ်ဒမီထူးချွန်ဆုကြီးကို ရရှိခဲ့ပြီး ရုပ်ရှင်ဇာတ်ကား တော်တော်များများကို သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြင့်မြတ်ကို စွဲစွဲမြဲမြဲ အားပေးကြတာ ဖြစ်ပါတယ်။

မြင့်မြတ်က လက်ရှိမှာတော့ အိချောပိုက ဒါရိုက်တာ ခင်လှိုင် ရိုက်ကူးပုံဖော်တဲ့ “အထိန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အိချောပို၊ ရှင်မွေလ၊ လင်းလင်း၊ သုသု တို့နဲ့အတူတူ ပြင်ဦးလွင်မြို့မှာ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Image may contain: 3 people, people smiling, closeup

မြင့်မြတ်က ရုပ်ရှင်ရိုက်ကူးနေရင်း ရှုတင်နားတဲ့အချိန်လေးမှာ ဇနီးနဲ့ သားလေးကိုခေါ်ပြီး ရထားလုံးလေးစီးကာ ပြင်ဦးလွင်မြို့မှာ ပျော်ပျော်ပါးပါး လျှောက်လည်ခဲ့တာပဲ ဖြစ်ပါတယ်။

မြင့်မြတ်က ဇနီးချော မန္တလေးသူလေး မခင်သူအောင်နဲ့ (၂၀၁၇) ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆို သားလေး တစ်ဦးကိုပါ မွေးဖွားထားတာ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ မခင်သူအောင်က အိမ်ထောင်မပြုခင်ကတည်းက (၅) နှစ်ကျော်လောက် ချစ်သူတွေအဖြစ် လက်တွဲခဲ့တာ ဖြစ်ပါတယ်။

Image may contain: 3 people, people smiling, outdoor

မြင့်မြတ်ကတော့ သူ့ရဲ့ အားလပ်တဲ့အချိန်လေးကို မိသားစုကို ပုံအောပေးထားတဲ့ အိမ်ထောင်ရှင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ မိသားစုပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Image may contain: 3 people, people smiling, tree and outdoor

မိုမိုလေး

Previous Post

ကိုယ်ပိုင်ဝင်ငွေနဲ့ မိဘနှစ်ပါးကို ခရီးလိုက်ပို့ခွင့်ရတာ ပျော်တယ်ဆိုတဲ့ ယွန်းယွန်း

Next Post

မိခင်ဖြစ်သူ ရန်ကုန်အလည်ရောက်တုန်း ရွှေဆွဲကြိုးနဲ့ ကန်တော့လိုက်တဲ့ ခြိမ့်ကေကို

Next Post

မိခင်ဖြစ်သူ ရန်ကုန်အလည်ရောက်တုန်း ရွှေဆွဲကြိုးနဲ့ ကန်တော့လိုက်တဲ့ ခြိမ့်ကေကို

အသက် ၄၀ နားကပ်နေပေမယ့် ဆယ်ကျော်သက်တွေနဲ့အပြိုင် နုပျိုနေတဲ့ နေတိုး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!