မြန်မာအိုင်ဒေါ Season-4 ရဲ့ ပြိုင်ပွဲဝင်လေး အေးမြဖြူကတော့ အနုပညာလောကထဲကို ခြေလှမ်းတွေတစ်လှမ်းပြီးတစ်လှမ်းဝင်ရောက်လာခဲ့ပါတယ်။
ငယ်စဉ်တည်းကလည်း အဆိုဝါသနာရှင် ကလေးငယ်တွေအတွက် စီစဉ်ပေးထားတဲ့ ဂီတတံခါးလေးဖွင့်ပါဦး အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပရိသတ်တွေရရှိခဲ့သူဖြစ်ပါတယ်။ အေးမြဖြူက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသွားချိန်မှာတော့ မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။
တစ်ဘက်မှာလည်း ပညာရေးလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းဖို့ရှိနေပေမယ့် သူမဝါသနာပါတဲ့ ပြိုင်ပွဲအတွက် အချိန်ပေးပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်အမှားအယွင်းနည်းစွာနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ဝင်းနားဆုကြီးနဲ့ လွဲချော်ခဲ့တဲ့ အေးမြဖြူကို ပရိသတ်တွေက ရင်ထဲက ဝင်းနားဆုကို ပေးထားပြီးသားဖြစ်ပါတယ်။
ပြိုင်ပွဲပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာဏကြီးရိုက်ကူးမယ့် ချစ်ခင်စမှော်ရုံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့အတူ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။
မြန်မာပေါကားများရပ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ပွဲကိုလည်း အနုပညာရှင်တစ်ယောက်အနေနဲ့ ပွဲတက်ခွင့် ဖိတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီ ပွဲကြီးကိုတော့ အေးမြဖြူက ဝါရင့် နာမည်ကျော် သရုပ်ဆောင်များနဲ့အတူ တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
မိုးသိုလေးတွေရဲ့ ပရိသတ်တွေ ဂုဏ်ယူနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။We Love Cele