လွင်မိုးတို့ ဇနီးမောင်နှံက ပြည့်ဖြိုးတေဇတို့ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်ထဲမှာ ပြုလုပ်ခဲ့တဲ့ ပြည့်ဖြိုးတေဇနဲ့ သက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဂုဏ်ပြုချီးမြှင့်ပြီးတက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေထဲမှာ လွင်မိုးတို့ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
ကြီးကျယ်ခမ်းနားလွန်းလှတဲ့ မင်္ဂလာပွဲအပြင်အဆင်တွေကြားမှာ လွင်မိုးတို့ဇနီးမောင်နှံကလည်း ကျက်သရေရှိရှိ လှပနေကြတာကိုတွေ့ရပါတယ်။ ပန်းပေါင်းစုံရဲ့ လှပမှုတွေကြားမှာ လွင်မိုးတို့ ဇနီးမောင်နှံ နှစ်ယောက် ဘယ်လောက်တောင် ပျော်ရွှင်နေကြလဲဆိုတာ ပုံလေးတွေ ကြည့်ရုံနဲ့ သိမြင်နိုင်ပါတယ်နော်။
လွင်မိုးတို့ ဇနီးမောင်နှံဟာ ယခုဆိုရင် ဘိုးဘိုး၊ ဘွားဘွားဆိုတဲ့ ရာထူးကိုရရှိနေကြပြီး မြေးလေး လီယျံကိုလည်း သည်းသည်းလှုပ်ချစ်မြတ်နိုးနေကြသူတွေဖြစ်ပါတယ်။
ပျော်ရွှင်သာယာဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာကြောင့် ရုပ်ပျို၊ ကိုယ်နုပြီး ယနေ့တိုင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ လှပနုပျိုနေဆဲဖြစ်ကြောင်းကို ဒီမင်္ဂလာပွဲက ပုံရိပ်လေးတွေက သက်သေပြနေတာပါနော်။We Love Cele
Photos-May Thu