နိုင်ငံကျော် ရုပ်ရှင် နဲ့ ဗွီဒီယို သရုပ်ဆောင် နေမင်းဟာဆိုရင် ဒရာမာ ဇာတ်ကားများကို ပီပီပြင်ပြင် သရုပ်ဆောင် နိုင်တဲ့ မင်းသားတစ်ဦး ဖြစ်သလို ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင် သရုပ်ဆောင် နိုင်တာကြောင့် သူ့ကိုအားပေးတဲ့ အမာခံပရိသတ်တွေ ရရှိထားသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် သရုပ်ဆောင် နေမင်းနဲ့ အေးမြတ်သူ တို့ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
သရုပ်ဆောင် နေမင်း နဲ့ အေးမြတ်သူတို့က အနုပညာအလုပ်တွေ အတူတွဲလုပ်ခဲ့ကြတဲ့ အနုပညာရှင်တွေ ဖြစ်သလို သူတို့နှစ်ယောက် ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးခဲ့တာပါ။ ဒီတစ်ခါမှာတော့ နေမင်းနဲ့ အေးမြတ်သူ က ” ပေါကားတွေရပ် ” ရုပ်ရှင် ဇာတ်ကြီး ရဲ့ Red carpet show ကို တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
နေမင်း က ” ငယ်ကချစ်…အနှစ်တရာမမေ့သာ….ငယ်တုန်းကရန်အမြဲဖြစ်နေကြတဲ့တို့၂ယောက်… ခုတော့လည်း😍😍😍😍လူပျိုကြီး/အပျိုကြီးတွေဖြစ်နေကြပြီကွယ်” ဆိုပြီးပြောထားပါသေးတယ်။
သရုပ်ဆောင် နေမင်းနဲ့ အေးမြတ်သူတို့သူငယ်ချင်း နှစ်ယောက် ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
မိုမိုလေး