• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

Show ဆိုလို့ရတဲ့ ပိုက်ဆံနဲ့ ကင်ဆာရောဂါသည်တွေကို အလှူငွေသွားရောက် လှူဒါန်းခဲ့တဲ့ မီးမီးခဲ

We Love Cele by We Love Cele
January 21, 2020
in အနုပညာ
0

နိုင်ငံကျော် တေးသံရှင် မီးမီးခဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိပြီး ပရိသတ်တွေကို သူမရဲ့ ထူးခြားတဲ့ အသံလေးနဲ့ ဆွဲဆောင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် မီးမီးခဲ က ကင်ဆာရောဂါ သည်များအားသွားရောက် အားပေးပြီး အလှူငွေ လှူဒါန်း ခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Image may contain: 4 people

မီးမီးခဲက သူမရဲ့ နှစ်အတော်ကြာမှ ထွက်ရှိလာတဲ့ သီချင်းအသစ်ကလေး ဖြစ်တဲ့ ငါ့ရဲ့ မျက်ဝန်းညို သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားတာပဲ ဖြစ်ပါတယ်။မီးမီးခဲက လက်ရှိမှာ ရင်သားကင်ဆာ အဆင့်၎ ကို ခံစားနေရတဲ့ အပြင် နောက်ထပ် အသစ်ပေါ်လာတဲ့ ဘက်ဦးခွံ မှကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုနေရပြီး သက်သာသွားပြီလို့ လည်ူ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

Image may contain: 5 people, people smiling

ဒီနေ့မှာတော့ မီးမီးခဲ က First Solo Show ပွဲ မှ ရတဲ့ အနုပညာကြေးကို မြောက်ဥက္ကလာ ဆေးရုံ က ကင်ဆာရောဂါ သည်တွေကို သွားရောက်လှူဒါန်းခဲ့ ကြောင်း ခုလို ပြောထားပါတယ်။

Image may contain: 1 person, indoor

မီးမီးခဲ က ” မြောက်ဥက္ကလာ ဆေးရုံ က ကင်ဆာရောဂါ သည်တွေဆီ ခွန်အားပေး ,အားပေးသီချင်းလေးတွေဆိုရင်းအလှူငွေတွေ လှူဒါန်း ခဲ့ပါတယ်.. Show က ပရိတ်သတ်မိတ်ဆွေများပေးတဲ့ မေတ္တာကြောင့် အခုလို သွားရောက် လှူဒါန်းနိုင်ခဲ့တာပါ..God Bless You All..အတူပါဝင် ကြတဲ့ဆရာစံပီး ,လားဖောဆက်,အယ်စတာဒွေး,ပါဝင်ကူညီတဲ့အယောက်တိုင်း ဘုရားရှင်သာ၍ ကောင်းကြီးပေးပါစေ ” ဆိုပြီးပြောထားပါတယ်။

Image may contain: one or more people and indoor

ကင်ဆာရောဂါသည် တွေကို ခွန်အားပေး သီချင်း သီဆိုပြီး အားပေးနေတဲ့ မီးမီးခဲ

Image may contain: 3 people

အဆိုတော် မီးမီးခဲ ရဲ့ မွန်မြတ်တဲ့ အလှူအကြောင်း ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Image may contain: 1 person, on stage

မိုမိုလေး

Previous Post

အကောင့်ဟက်ပြီး ယုတ်မာသူတွေရဲ့ တိုက်ခိုက်မှုကို ထပ်မံခံစားနေရတဲ့ သံစဉ်မောင်

Next Post

သမ္မတအိမ်တော်မှာ ဝါရင့်အဆိုတော်ကြီးတွေနဲ့ တွဲဖက်သီဆိုခွင့်ရခဲ့တဲ့ အေးမြဖြူ

Next Post

သမ္မတအိမ်တော်မှာ ဝါရင့်အဆိုတော်ကြီးတွေနဲ့ တွဲဖက်သီဆိုခွင့်ရခဲ့တဲ့ အေးမြဖြူ

အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ပန်းကြဲသမလေးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဝတ်မှုံရွှေရည်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!