အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော်တို့က ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်ထဲမှာ ကျင်းပတဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။
Ah Boy နဲ့ မြတ်ရတနာကျော်ဟာ လက်ရှိအချိန်မှာ Scarlett Phyo Tun လို့ အမည်ပေးထားတဲ့ ချစ်စရာသိပ်ကောင်းလွန်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေခဲ့ပေမယ့် သူတို့ ဝါသနာပါရာ ခရီးသွား Vlog တွေကို ဖန်တီးပြီး ရိုက်ကူးနေကြတာလည်းဖြစ်ပါတယ်။
သမီးလေးနဲ့အတူ မိသားစု ခရီးတွေကိုလည်း မကြာခဏ ထွက်တာတွေ့ရသလို နှစ်ကိုယ်တူ ခရီးလေးတွေကိုလည်း ဖန်တီးပြီး ထွက်လေ့ရှိတာတွေ့ရပါတယ်။
အာဘွိုင်းတို့ ဇနီးမောင်နှံက ပြင်ဦးလွင်မြို့မှာ ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ ကျင်းပခဲ့တဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုလည်း အာဘွိုင်းတို့ ဇနီးမောင်နှံက တက်ရောက်ခဲ့ပါသေးတယ်။
အနုပညာရှင်ပေါင်းများစွာတက်ရောက်ပြီး လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ ဒီမင်္ဂလာပွဲရဲ့အပြင်ဆင်တွေကြားမှာ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံ နှစ်ဦးကလည်း စတိုင်အပြည့်နဲ့ ငေးယူရလောက်အောင် လှပနေခဲ့ကြတာဖြစ်ပါတယ်။
အပြာရောင် Dress လေးနဲ့ မင်္ဂလာညစာစားပွဲကို တက်ရောက်ခဲ့တဲ့ မြတ်ရတနာကျော်နဲ့ စတိုင်ကျနေတဲ့ အာဘွိုင်းတို့ရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။
Cele Star