• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, January 18, 2021
No Result
View All Result

အေးမြဖြူ သိစေချင်လို့ အမှန်တရားကိုထုတ်ပြောလာတဲ့ ပွင့်နဒီမောင်

We Love Cele by We Love Cele
January 22, 2020
in အနုပညာ
0

တိုက်ခိုက်ပြောဆိုခဲ့တာတွေက သူမ မဟုတ်ဘူးလို့ ဆိုပါတယ်။

Image may contain: 1 person, indoor

ပွင့်နဒီမောင်ကတော့ အေးမြဖြူ နဲ့ ပတ်သက်ပြီး သူမ မလုပ်ခဲ့တဲ့ အမှန်တရားတစ်ခုကို အင်တာဗျူးတွေမှာ ဖြေရှင်းလာတာတွေ့ရပါတယ်။ အေးမြဖြူနဲ့ အေးမြဖြူရဲ့ ပရိသတ်တွေကို သိစေချင်တယ်လို့ ဆိုပါတယ်။

Image may contain: 1 person, standing, outdoor and nature

သရုပ်ဆောင်ပွင့်နဒီမောင်ကတော့ အေးမြဖြူကို ဝေဖန်တိုက်ခိုက်ထားတဲ့ “ပွင့်နဒီမောင်” ဖေ့စ်ဘွတ်အကောင့်ဟာ သူမရဲ့ ကိုယ်ပိုင်အကောင့်အ စစ်မဟုတ်တဲ့အကြောင်းပြောပြလာပါတယ်။ ဒီကိစ္စအပေါ် အမှန်တရားကို သိစေချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“အေးမြဖြူကို ကြည့်လည်း ကြည့်မရဘူးပြောလို့ လာပြောတဲ့သူတွေကို တရားစွဲမယ် ဆိုပြီးတော့ Profile က အနီရောင်လေးနဲ့ နာမည်က Pwint Nadi Maung ဆိုပြီးတော့ အကောင့်တုက တင်ထားတဲ့ Post ကို သတင်းမီဒီယာ အတုတွေ၊ အယောင်ဆောင် မီဒီယာတွေက သတင်းအဖြစ် ပြန်ယူပြီးတော့ Caption အမျိုးမျိုးရေးရင်းနဲ့ ပျံ့သွားတယ်။ အစ်မကတော့ အမှန်တရားတစ်ခုကို သိစေချင်လို့ ညီမလေး အေးမြဖြူကိုရော၊ အေးမြဖြူကို ချစ်တဲ့ ပရိသတ်တွေရော သိစေချင်လို့ အခုလို ရှင်းပြတာပါ” လို့ ဆိုပါတယ်။

ပွင့်နဒီမောင်ရဲ့ အကောင့်အတုကနေ တင်လိုက်တဲ့ စာသားအပေါ် သတင်းမီဒီယာ တချို့ကလည်း သတင်းလုပ်ရေးခဲ့ကြတာကို တွေ့ရပါတယ်။ ဒီသတင်းကိုတော့ Aye Mya Phyu Facebook Page မှာ ပြန်လည် Sharing လုပ်ထားတဲ့ အပေါ်မှာ ပွင့်နဒီမောင် ကိုယ်တိုင်က စိတ်မကောင်းဖြစ်ရပါတယ်တဲ့။

Image may contain: 1 person, smiling, standing, text and outdoor

“အစ်မဆိုလည်း အေးမြဖြူနေရာမှာနေကြည့်ရင် ခံစားရမှာပဲလေ။ အစ်မကိုယ်တိုင်မလုပ်ထားဘူး၊ အကောင့်တုကနေ လုပ်တာဖြစ်တဲ့အတွက် သူဖြစ်နေတဲ့ ခံစားချက်လေးအပေါ် တစ်ဖက်တစ်လမ်း ကနေပြီးတော့ ရှင်းပြသင့်တယ်ထင်လို့ ရှင်းပြပေးတာပါ။ Myanmar idol ပြိုင်ပွဲတုန်းကလည်း ပြိုင်ပွဲဝင်တွေ အကုန်လုံးကို သဘောကျပါတယ်။ ဒါပေမယ့် Voting ထည့်ရတာဆိုတော့ အစ်မက Esther ကိုကြိုက်တဲ့အတွက် Esther ကို Voting ထည့်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က “မြက်နု” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

Image may contain: 1 person, smiling, mountain, sky, outdoor and nature

ပွင့်နဒီမောင်ကတော့ တစ်ခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချော တစ်ယောက်ဆိုရင် မမှားပါဘူး။ သူမကိုတော့ Music Video တွေမှာ အမြဲတမ်း တွေ့ရတတ်ပါတယ်။ ပွင့်နဒီမောင်ဟာ TV ကြော်ငြာတွေလည်းရိုက်ခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ လည်း ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ နီးပါးရှိပါပြီ။ အခုချိန်ထိလည်း အနုပညာအလုပ်တွေ လုပ်နေတဲ့သူဖြစ်ပါတယ်။

Image may contain: 1 person, smiling, sitting, sunglasses and plant

ဆယ်လီရပ်ကွက်

Previous Post

မိသားစုနဲ့အတူနေဖို့ ရန်ကုန်မှာ အိမ်အပိုင် ဝယ်တော့မယ့် ဖြူဖြူထွေး

Next Post

မွေးနေ့မှာ ခိုင်နှင်းဝေဂေဟာက ကလေးတွေကို အရောက်သွားလှူတဲ့ အိစိကွေး

Next Post

မွေးနေ့မှာ ခိုင်နှင်းဝေဂေဟာက ကလေးတွေကို အရောက်သွားလှူတဲ့ အိစိကွေး

ဈေးရောင်းတဲ့အလုပ်လုပ်ပြီး စိတ်သဘောထားမြင့်မြတ်တဲ့အဘကို ချီးကျူးလိုက်တဲ့ မိတ်ကပ်လင်းလင်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!