လူငယ်ပရိသတ်တွေအားကျပြီး အရမ်းချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်တဲ့ အဆိုတော်ရဲရင့်အောင်နဲ့ သရုပ်ဆောင် ဧငြိမ်းဖြူတို့ဟာဆိုရင် တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ ကြည်နူးစရာပုံရိပ်ကလေးတွေကို လူမှု့ကွန်ယက်မှာ ချပြလေ့ရှိပါတယ်။ ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို အားပေးချစ်ခင်နေကြတာပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ် ကြီးအတွက် ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ရဲ့ ချစ်သူ သက်တမ်း ၃နှစ်ပြည့်သွားပြီ ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
အဆိုတော်ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ချစ်သူနှစ်ဦးဟာဆိုရင် ချစ်သူသက်တမ်း ၃နှစ် ရှိပြီဖြစ်သလို တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားပြီး သစ္စာရှိရှိ ချစ်နေကြတာတွေ့ရပါတယ်။
ဒီနေ့မှာတော့ အဆိုတော် ရဲရင့်အောင် က သူ့ရဲ့ ချစ်သူလေး ကို ” ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့ပါ ကလေးငယ်ရေ ❤️” ဆိုပြီး ပြောထားပြီး။
ဧငြိမ်းဖြူ ကလည်း ” အခြားအရာတွေဘာတွေမှလဲ လိုက်လဲမကြည့်ဘူးစိတ်လဲမဝင်စားဘူးမက်လဲမမက်မောဘူး….. ဒါပေမဲ့ ဘေးနားမှာ ဒီဘဲကြီးရှိနေဖို့ တစ်ခုပဲမက်မောတယ်Happy 3years Anniversary 🖤” ဆိုပြီး ပြောထားပါတယ်။
အဆိုတော် ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
မိုမိုလေး