နိုင်ငံကျော် တေးရေး၊ တေးဆို လင်းလင်းနဲ့ သရုပ်ဆေင်၊ အဆိုတော် ချစ်သုဝေတို့ရဲ့ မိသားစုလေးကို နွေးထွေးကြင်နာမှုတွေ လွှမ်းခြုံထားတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာအလုပ်တွေမှာ ထူးချွန်ရုံသာမကပဲ သမီးတွေကို ထိန်းကျောင်းရာမှာလည်း နည်းစနစ်ကျလွန်းတာကြောင့် ပရိသတ်တွေက သဘောကျနေကြရတာ ဖြစ်ပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး ခေတ်နဲ့သစ်ကလည်း အရုပ်မလေးတွေလို အရမ်းချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက အသည်းယားအောင် ချစ်နေကြရတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ ခေတ်နဲ့သစ်ရဲ့ (၃) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်က သူတို့ရဲ့ မွေးနေ့ကို Frozen ကာတွန်းကားထဲက မင်းသမီးလေး Elsa လိုဝတ်ပြီး သူငယ်ချင်းတွေနဲ့ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။
ခေတ်နဲ့သစ်ကတော့ အခုဆိုရင် (၃) နှစ်တင်းတင်းပြည့်သွားပြီဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ စကားတွေတတ်လာကာ ပိုပိုပြီး ချစ်စရာကောင်းလာတာကို တွေ့ရပါတယ်။
ခေတ်နဲ့သစ်ကတော့ တစ်နေ့တစ်ခြား အသည်းယားဖို့ကောင်းအောင် ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး