• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, April 14, 2021
No Result
View All Result

အလုပ်တွေကြိုးစားပြီး မေမေ့ကို ဆေးကုပေးမယ်ဆိုတဲ့ ဘန်ဂျမင်

We Love Cele by We Love Cele
January 23, 2020
in အနုပညာ
0

ပြိုင်ပွဲ ပြိုင်နေတဲ့အချိန်မှာ သားကို အသိမပေးတော့ စိတ်မကောင်းဖြစ်တယ်။

ဘန်ဂျမင်ကတော့ အလုပ်တွေ ကြိုးစားပြီး မိခင်ကို ဆေးကုပေးမယ်လို့ ဆိုပါတယ်။ Myanmar idol ပြိုင်ပွဲဝင်ပြိုင်နေတဲ့အချိန်မှာ မိခင်ရဲ့ ကျန်းမာရေးကို သိခွင့်မရခဲ့ဘူး။ သီချင်းဆိုပြိုင်ပွဲပြီးတော့မှ သိခွင့်ရလို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်တဲ့။ 

ပရိသတ်အချစ်တော် ဘန်ဂျမင်ကတော့ Myanmar idol(Season-4) ပြိုင်ပွဲကြီးပြီးကတည်းက ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်းမှာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို အနီးကပ်ပြုစုခွင့်မရခဲ့ပါဘူးတဲ့။ ဒါကြောင့် အလုပ်တွေကြိုးစားပြီး မိခင်ရဲ့ ကျန်းမာရေးကို စောင့်ရှောက်မယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အမေက ရန်ကုန်ရောက်တဲ့အချိန်မှာ နောက်ဆုံးနေ့ညက ပွဲလာကြည့်တဲ့ညပေါ့။ သူက အရမ်းပင်ပန်းရင် သိပ်အဆင်မပြေတဲ့ ဝေဒနာရှိတယ်။ အဲဒါကျွန်တော့်ကို မပြောပဲ Final ရောက်တဲ့ အထိ သူ မြိုသိပ်ထားခဲ့တယ်။ အခု Final ပြီးတော့မှ ကျွန်တော့်ကိုပြောတော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော် အလုပ်တွေ ကြိုးစားပြီးတော့ အမေ့ကို ဆေးကုဖို့ အစီအစဉ်ရှိပါတယ်” လို့ သူကဆိုပါတယ်။ 

ဘန်ဂျမင်ကတော့ အမေကို အရမ်းချစ်တဲ့ သားတစ်ယောက်ပါပဲ။ ဖျော်ဖြေပွဲတွေမှာဆိုရင် အမေနဲ့ သူ့ကို မောင်နှမလို့ထင်ပြီး မှားတဲ့အခါတောင်ရှိတယ်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့က Opening Ceremony Of AIA Office ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

 “ပွဲတွေမှာ သီချင်းသွားဆိုတဲ့အခါ အမေလိုက်လာလို့ရှိရင် ဒါအစ်မလားတဲ့။ မဟုတ်ပါဘူး ဒါအမေလို့ ပြောလို့ရှိရင် မသိတဲ့သူတွေဆိုတော့ အရမ်း အံ့သြသွားကြတယ်။ ချစ်သူထားရင်တော့ မေမေနဲ့ တိုင်ပင်မှာပေါ့။ ကျွန်တော့်အမေကိုလည်း အမေရင်းလိုချစ်ပေးရမယ်၊ ကျွန်တော့်ကိုလည်း အရမ်းချစ်ရမယ်၊ ကျန်တာ အများကြီးတော့ မပြောချင်ပါဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။ 

ဘန်ဂျမင်ကတော့ Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာ Vote No.77702 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲ နောက်ဆုံးဆင့်အထိကို တက်လှမ်းနိုင်ခဲ့သူပါ။ ဒီပြိုင်ပွဲကနေတဆင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ခွင့်ရခဲ့သူပါ။ ဘန်ဂျမင်ကတော့ ဆယ်ကျော်သက် အရွယ်သာရှိသေးတဲ့ ချင်းတိုင်းရင်းသားလေး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေပွဲတွေ သီဆိုနေရပြီလို့ သိရပါတယ်။ 

ဆယ်လီရပ်ကွက်

Previous Post

Frozen ကာတွန်းကားထဲက မင်းသမီး Elsa လိုဝတ်ပြီး မွေးနေ့ပွဲ ဆင်နွှဲခဲ့တဲ့ ခေတ်နဲ့သစ်

Next Post

မိန်းမအရမ်းကြိုက်တဲ့ မြောက်ကိုရီးယားဗိုလ်ကြီးပုံနဲ့ ကိတ်ကို မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ Ah Boy

Next Post

မိန်းမအရမ်းကြိုက်တဲ့ မြောက်ကိုရီးယားဗိုလ်ကြီးပုံနဲ့ ကိတ်ကို မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ Ah Boy

မြောက်ကိုရီးယားကို အမွှန်းတင်သည်ဟုဆိုကာ Crash Landing on You ဒရာမာ တိုင်ကြားခံရ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!