မော်ဒယ် သရုပ်ဆောင် ဘုဏ်းသိုက်က သမီးလေး မြမိုးဂင်္ဂါရဲ့ မွေးနေ့ကို ဆုတောင်းပေးရုံတင်မဟုတ်ဘဲ တကယ်ပျော်ရွှင်အောင်ပဲ ဖန်တီးပေးလိုက်တယ်လို့ ဆိုလာပါတယ်။
အဆိုတော် ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့က ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သမီးလေးတစ်ယောက် ထွန်းကားခဲ့ပြီး မြမိုးဂင်္ဂါလို့ အမည်ပေးထားတဲ့ သမီးလေးဟာ ယခုဆိုရင် အသက် (၆) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
မိသားစု အဆင်မပြေမှုတွေ ရှိနေပေမယ့် သမီးလေးကိုတော့ ပျော်ရွှင်စိတ်ချမ်းသာအောင် မိဘ နှစ်ပါးလုံးက ကြိုးစားနေကြတာပါ။ ယနေ့ ကျရောက်လာတဲ့ မြမိုးဂင်္ဂါရဲ့ မွေးနေ့လေးကို ဖခင်ဖြစ်သူ ဘုဏ်းသိုက်က ပျော်ရွှင်အောင် ဖန်တီးခဲ့ပါတယ်။ မွေးနေ့ဆုတောင်းလေးကိုလည်း ယခုလိုပဲ ရေးသားထားတာတွေ့ရပါတယ်။
” Very Happy Birthday My Bb’girl •••မြမိုးဂင်္ဂါ ၂၃ ဇန်နဝါရီလ ၂၀၁၄ သမီးလေးကို မွေးတဲ့ နေ့မှာပဲ အဘိုးအဘွားတွေ မိဘတွေ ဦးလေးတွေ နဲ့ ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းတွေကို ဆေးရုံကို ဇွတ်အတင်းဖိတ် Birthday Cake ပေါ် ဖယောင်းတိုင်လေး တစ်တိုင်ထွန်းပြီး သမီးလေးအတွက် ဦးဦးဖျားဖျား ပထမဦးဆုံးသော မွေးနေ့ပွဲလေး ကို ဆေးရုံပေါ်မှာပဲ ဖန်တီးပေးဖြစ်ခဲ့တယ်..။”
“ဂစ်တာသံတွေ … ရယ်သံလွင်လွင်တွေနဲ့  စခဲ့တဲ့ ဇန်နဝါရီ ၂၃…။ ” သူမ မေမေရဲ့  ဘယ်လက်ရုံးလေးဟာ ကျွန်တော့်ရဲ့  အနုပညာ ဖြစ်တယ် ” ” မြမိုးဂင်္ဂါ ” ဆိုတာကို ဘယ်ဘက်ရင်ညွန့်မှာ မင်ကြောင်ထိုး သူ့ ဖေဖေဟာ အဲဒီလိုလည်း သူ့သမီးလေးကို သူ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးတယ်..။”
“ဒီနေ့တော့ ကျွန်တော့်ရဲ့ အနုပညာလေး အသက် ( ၆ ) နှစ်ပြည့်ပြီပဲ..! မွေးနေ့မှာ ပျော်ရွှင်ပါစေ သမီးလေး …လို့ ဆုမတောင်းဖြစ်ဘူး..။ တစ်ကယ် ပျော်ရွှင်အောင်ပဲ ဖန်တီးပေးလိုက်တယ်😍”
“သမီးလေး ချစ်တဲ့ သူတွေ..သမီးလေးကို ချစ်တဲ့ သူတွေနဲ့ အတူ ဘဝကို ဖြတ်သန်းရင်း ရယ်သံလွင်လွင်လေးတွေ ထည်လဲ ဝတ်ဆင်နိုင်ပါစေ ..အမှား အမှန် အကောင်း အဆိုးကို ခွဲခြားသိတဲ့…ခွဲခြားနိုင်တဲ့ ညဏ်ပညာနဲ့ သန့်စင် မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာမှာ သမီးလေး ဟာ အမြဲတမ်းလိပ်ပြာလှလှလေး ပျံသန်းနေနိုင်ပါစေ ..😍”
ဘုဏ်းသိုက်က ချမ်းချမ်းနဲ့အတူ သမီးလေးမွေးနေ့ကို အတူဖြတ်သန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဘုဏ်းသိုက်ရေးထားတဲ့ စာလေးကိုဖတ်ပြီး ဘုဏ်းသိုက်ရဲ့ မိဘမေတ္တာလေးကိုခံစားရလိမ့်မယ်လို့ ထင်ပါတယ်နော်။
Cele Star