• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

မြောက်ကိုရီးယားစစ်တပ်မှာ Hyun Bin လို ဗိုလ်ကြီးပုံစံမျိုး လုံးဝမရှိဘူးလို့ ပြောလိုက်တဲ့ မြောက်ကိုရီးယားသူ YouTuber

We Love Cele by We Love Cele
January 24, 2020
in အနုပညာ
0

လတ်တလောကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေရဲ့ အကြားမှာ နာမည်ကြီးလူကြိုက်များနေတဲ့ ဇာတ်ကားကိုပြပါဆိုရင် မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ တွဲဖက်သရုပ်ဆောင်ထားကြတဲ့ Crash Landing On You ဇာတ်လမ်းတွဲကိုပဲ လက်ညှိုးထိုးပြရမှာ မလွဲဧကန်ပါပဲ။ မြောက်ကိုရီးယားနိုင်ငံက ဗိုလ်ကြီးနဲ့ တောင်ကိုရီးယားနိုင်ငံက သူဌေးသမီးလေးတို့ ၂ ယောက်ရဲ့အကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လူနေမှုဘ၀ပုံစံနဲ့ စစ်တပ်ပုံစံတွေကို သေချာပြင်ဆင်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Image result for crash landing on you hyun bin

ဒီလိုမျိုးပြင်ဆင်မှုတွေက တကယ်ပဲ မြောက်ကိုရီးယားနိုင်ငံရဲ့ လူနေမှုပုံစံအစစ်နဲ့တူသလားဆိုတာကို မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်လာသူ Kang Nara က CLAB Girls YouTube Channel ကနေတဆင့် သူမရဲ့အမြင်ကို ပြောပြလို့သွားခဲ့ပါတယ်။

Kang Nara ရဲ့ပြောပြချက်အရတော့ သူမဟာ Crash Landing On You ရဲ့ထုတ်လုပ်ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ကာ မြောက်ကိုရီးယားနိုင်ငံရဲ့ လူနေမှုပုံစံကို အကြံပေးပြောပြခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇာတ်ကားထဲကပုံစံဟာ မြောက်ကိုရီးယားရဲ့လူနေမှုပုံစံနဲ့ ရာနှုန်းပြည့်မတူပေမယ့်လည်း ၆၀ ရာခိုင်နှုန်းတော့ ကိုက်ညီမှုရှိတယ်လို့လည်း ဆိုပါတယ်။

တိုက်ခန်းပြင်ဆင်မှုပုံစံဟာဆိုရင်လည်း ပျှမ်းမျှအားဖြင့် မြောက်ကိုရီးယားနိုင်ငံက တိုက်ခန်းပုံစံတွေနဲ့ အတော်လေးနီးစပ်မှုရှိကာ အသေးစိတ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဥပမာဆိုရရင် ထမင်းစားဝိုင်းမှာ ထိုင်ခုံမရှိပဲ စားပွဲသာရှိတာကြောင့် မိသားစုဝင်တွေအကုန်လုံး ကြမ်းပြင်မှာထိုင်ပြီး စားသောက်ကြရပုံ၊ အထက်တန်းလွှာအသိုင်းအ၀ိုင်းတွေရဲ့ အိမ်တွင်းလိုက်ကာပုံစံ၊ လျှပ်စစ်မီးအလုံအလောက်မရှိတာကြောင့် ရေခဲသေတ္တာမရှိတဲ့ပုံစံတွေ အကုန်လုံးကို သေချာထည့်သွင်းရိုက်ကူးတာတွေက အသေးစိတ်ဂရုစိုက်ပြီး ရိုက်ကူးထားတာတွေ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပရိသတ်တွေအများသိချင်နေကြတဲ့ မြောက်ကိုရီးယားစစ်တပ်မှာ Hyun Bin လိုမျိုး ကြည့်ကောင်းချောမောကြသူတွေရှိလားဆိုတဲ့ မေးခွန်းနဲ့ပတ်သတ်ကာ အရွှန်းဖောက် ပြောပြခဲ့ပါတယ်။ သူမရဲ့ပြောပြချက်အရတော့ Hyun Bin လိုမျိုးယောကျာ်းပီပီသသနဲ့ ချောမောကြည့်ကောင်းတဲ့သူဟာ မြောက်ကိုရီးယားစစ်တပ်မှာသာမက တောင်ကိုရီးယားစစ်တပ်မှာတောင်မှ မရှိဘူးလို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့စစ်သားတွေအတော်များများဟာ သာမန်ရုပ်ရည်ပုံစံမျိုးတွေသာဖြစ်ကြပြီး ဇာတ်လမ်းတွဲထဲက ဇာတ်ရံသရုပ်ဆောင်တွေလို စစ်သားတွေတော့ ရှိကြောင်းကို ပြောပြသွားခဲ့ကာ ဇာတ်ကားထဲမှာ သရုပ်ဆောင်တွေပြောကြတဲ့ လေယူလေသိမ်းတွေကလည်း မြောက်ကိုရီးယားလေယူလေသိမ်းနဲ့ ထပ်တူနီးပါးရှိတယ်လို့ ဆိုပါတယ်။

ဝတ်စားဆင်ယင်မှုပုံစံနဲ့ ပတ်သတ်ပြီးပြောပြရာမှာတော့ မြောက်ကိုရီးယားဇာတ်ဝင်ခန်းအချို့မှာ Son Ye Jin ၀တ်ဆင်ထားတဲ့ အသုံးအဆောင်တွေ၊ ဖိနပ်တွေဟာ တကယ့်လက်တွေ့မြောက်ကိုရီးယားမှာတာ့ လုံးဝမရှိဘူးလို့ သူမရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလို့ သွားခဲ့ပါတယ်။

Image result for crash landing on you hyun bin

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ ဒီဇာတ်လမ်းတွဲဟာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအာရုံကို အပြည့်အ၀ရရှိလို့နေကာ ကြည့်ရှုနှုန်းတွေလည်း မြင့်တက်လျှက်ရှိလို့နေပါတယ်။ ဇာတ်လမ်းတွဲဟာ ပြသနေဆဲဖြစ်တယ်ဆိုပေမယ့်ငြားလည်း ဒီတစ်ပတ်မှာတော့ တရုတ်နှစ်သစ်ကူးကြောင့် ပြသခြင်းရှိမှာမဟုတ်ပဲ အခုလာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဇာတ်လမ်းရဲ့အဆက်ကို ပြသမယ်လို့ ကြိုတင်ကြေညာထားတာ ဖြစ်ပါတယ်။

Related image

မိုမိုလေး

Previous Post

သမီးလေး မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းမပေးဘဲ တကယ်ပျော်ရွှင်အောင် ဖန်တီးပေးလိုက်တဲ့ ဘုဏ်းသိုက်

Next Post

ကျန်းမာရေး ပြန်လည် ကောင်းမွန်လာလို့ ဆေးရုံက ဆင်းတော့မယ့် ဗေလုဝ

Next Post

ကျန်းမာရေး ပြန်လည် ကောင်းမွန်လာလို့ ဆေးရုံက ဆင်းတော့မယ့် ဗေလုဝ

ဟောက်စ်ဆာဂျင်တစ်ယောက်ဖြစ်ပြီးမှ ဆေးတက္ကသိုလ်ထဲပြန်ရောက်ခဲ့တဲ့ ပိုးမမှီသာ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!