• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, January 16, 2021
No Result
View All Result

ကျန်းမာရေး ပြန်လည် ကောင်းမွန်လာလို့ ဆေးရုံက ဆင်းတော့မယ့် ဗေလုဝ

We Love Cele by We Love Cele
January 24, 2020
in အနုပညာ
0

ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါနဲ့ မြောက်ဒဂုံမြို့နယ်၊ ပင်လုံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပြီး လက်ရှိ သူ့ရဲ့ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်တာကြောင့် ဆေးရုံဆင်းရတော့မယ်လို့ ဗေလုဝရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

Image result for ဗေလုဝ

“အခုကျန်းမာရေးက ပြန်လည်ကောင်းမွန်လာပါပြီ။ လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တာလေးတွေလည်း လုပ်နေရပါတယ်။ အကုန်လည်း မှတ်မိနေပါတယ်။ ဆေးရုံဆင်းရမယ်လို့တော့ ဆရာဝန်က ပြောပါတယ်။ စကားတွေလည်း ပြောနိုင်နေပါပြီ။ လူတွေလည်း မှတ်မိနေပါပြီ။ အသေအချာ ကောင်းမွန်ဖို့ကတော့ အချိန်လေး နည်းနည်း ယူရဦးမှာပေါ့”

Image result for ဗေလုဝ

“သူ လှုပ်လှုပ်ရှားရှားနေရင် ပိုကောင်းဖို့ ပိုမြန်မယ်လို့ ပြောပါတယ်။ အခုတော့ ဆေးရုံဆင်းရင် အိမ်မှာ သေချာပြုစုရမှာပါ။ ဘန်ကောက် ဆေးသွားကုဖို့ကတော့ လိုပါသေးတယ်”လို့ ဗေလုဝရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ပြောပါတယ်။

Image result for ဗေလုဝ

ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဇန်နဝါရီ ၁၁ ရက်နေ့က ဦးနှောက်သွေးကြော ပိတ်သွားတဲ့အတွက် ရုတ်တရက် ဆေးရုံတက်ပြီး ကုသမှု ခံယူနေရတာပါ။ ဆေးရုံတက်နေစဉ်အတွင်း ကွယ်လွန်ပြီဆိုပြီး သတင်းမှားတွေလည်း တက်လာခဲ့ပါသေးတယ်။

Image result for ဗေလုဝ

ဟာသ သရုပ်ဆောင် ဗေလုဝဟာ အနုပညာ အလုပ်တွေအပြင် မြို့၊ ရွာတွေမှာရှိတဲ့ စာပေဟောပြောပွဲ တွေမှာလည်း တတပ်တအား ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် “လယ်သူမ” ဆိုတဲ့ မြန်မာထမင်းဆိုင် ဖွင့်လှစ်ထားပါတယ်။ ဗေလုဝက “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်နဲ့ အကယ်ဒမီဆု ရရှိထားသူ ဖြစ်ပါတယ်။

ဧရာဝတီ

Previous Post

မြောက်ကိုရီးယားစစ်တပ်မှာ Hyun Bin လို ဗိုလ်ကြီးပုံစံမျိုး လုံးဝမရှိဘူးလို့ ပြောလိုက်တဲ့ မြောက်ကိုရီးယားသူ YouTuber

Next Post

ဟောက်စ်ဆာဂျင်တစ်ယောက်ဖြစ်ပြီးမှ ဆေးတက္ကသိုလ်ထဲပြန်ရောက်ခဲ့တဲ့ ပိုးမမှီသာ

Next Post

ဟောက်စ်ဆာဂျင်တစ်ယောက်ဖြစ်ပြီးမှ ဆေးတက္ကသိုလ်ထဲပြန်ရောက်ခဲ့တဲ့ ပိုးမမှီသာ

ကစားကွင်းသွားဆော့ပြီး အဖွားဖြစ်သူဆူတာခံလိုက်ရတဲ့ ခိုင်နှင်းဝေတို့သားအမိ ၂ ယောက်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!