ခိုင်နှင်းဝေတို့ သားအမိ ၂ ယောက်လုံးက အဘွားဖြစ်သူရဲ့ ဆူတာကို ခံလိုက်ရတယ်လို့ ချစ်စနိုးလေးနဲ့ ဆိုလာပါတယ်။
ခိုင်နှင်းဝေရဲ့ သမီးလေး ရွှန်းရွှန်းကတော့ ခုဆိုရင် မေမေနဲ့အတူ ကျောင်းတက်နေပြီဖြစ်ပါတယ်။ မိခင်မေတ္တာတွေကို မိခင်ရင်းနဲ့မခြား အပြည့်အဝပေးနေတာကြောင့် သမီးလေး ရွှန်းရွှန်းတစ်ယောက် အင်မတန် စိတ်စေတနာကောင်းတဲ့ မိခင်တစ်ယောက်ကို ရထားတာပါ။
သမီးလေး ရွှန်းရွှန်းကို ငယ်ရွယ်စဉ်တည်းက မွေးစားခဲ့ပြီး သမီးလေးရဲ့ လိုအပ်မှုမှန်သမျှကို ဖြည့်ဆည်းပေးနေခဲ့တာပါ။ အရွယ်ရောက်လာချိန်မှာလည်း သမီးလေး ရွှန်းရွှန်းရဲ့ ပညာရေးတွေကို ဂရုတစိုက်နဲ့ သင်ကြားပေးနေတာတွေ့ရပါတယ်။ သမီးလေး ရွှန်းရွှန်း ကျောင်းပျော်ဖြစ်နေတာကိုကြည့်ပြီး ခိုင်နှင်းဝေတစ်ယောက် ပျော်ရွှင်နေတာလည်း တွေ့ရပါသေးတယ်။
ခိုင်နှင်းဝေက ဒီနေ့မှာသမီးလေး ကျောင်းဆင်းပြီး အပြန် သမီးနဲ့အတူ ကစားကွင်းကို ဝင်ခဲ့တယ်လို့ ဆိုပါတယ်။
မိခင်တစ်ယောက်ဖြစ်လာချိန်မှာ သားသမီးပျော်ရွှင်မှုကို ရှေ့တန်းတင်ပြီး ဖြည့်ဆည်းပေးရတဲ့ခံစားချက်က ဘာနဲ့မှမလဲနိုင်ပါဘူး။ ခိုင်နှင်းဝေတစ်ယောက်လည်း မိခင်တစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေ၊ အနစ်နာခံမှုတွေနဲ့ အတူ သမီးလေး ရွှန်းရွှန်းအပေါ်ကို ပေးဆပ်နေတာ တွေ့ရပါတယ်။ ယခုလည်း သမီးလေးနဲ့အတူ Alibaba ကစားကွင်းမှာ ဆော့ကစားနေခဲ့ပြီး အဘွားဖြစ်သူရဲ့ အဆူခံခဲ့ရတဲ့အကြောင်းကို ဖောက်သည်ချပြောပြလာပါတယ်။
“ကလေးအမေဘဝ 👩👧👩👧👩👧အမှန်တော့ ကိုယ်ဆော့ချင်တာပါ..ကလေးတဖက်နဲ့ သမီးကျောင်းဆင်းတော့ သမီးဗန်းပြပြီး သူ့အဖွားကို ပတ်ထွက်ပြီး Alibaba မှာသွားတော့တာ နာရီမကြည့်မိတော့ သူ့အဖွားက ဒုတ်ကောက်လာခဲ့တဲ့..အိမ်ရာက်တော့ ၂ ယောက်လုံး အဆူခံရော 😬😬😬” ဆိုပြီး ချစ်စစဖွယ်ရေးသားထားတာတွေ့ရပါတယ်။
ခိုင်နှင်းဝေတို့ သားအမိပုံလေးတွေကိုကြည့်ပြီး ပရိသတ်ကြီးကျေနပ်ပျော်ရွှင်မှုတွေ ရရှိသွားမယ်လို့ ထင်ပါတယ်နော်။
Cele Star