• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

မွန်ပြည်နယ်မှာ နဂါးရုံဘုရားတည်ပြီး သိန်း (၅၅၀) ဖိုး မွေးနေ့အလှူလုပ်ခဲ့တဲ့ နေခြည်ဦး

We Love Cele by We Love Cele
January 25, 2020
in အနုပညာ
0

နိုင်ငံကျော် Beauty Blogger လည်းဖြစ်၊ သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ နေခြည်ဦးကို ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ နေခြည်ဦးက အချိန်လေးနှစ်တာအချိန်အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးကို ပရိသတ်အများအပြားက ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့ကတော့ နေခြည်ဦးရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ မွေးနေ့ကို မိခင်ဖြစ်သူရဲ့ဇာတိ မွန်ပြည်နယ်မှာ အလှူသွားလုပ်နေတာ ဖြစ်ပါတယ်။

နေခြည်ဦးက သူမရဲ့ မွေးနေ့အလှူအဖြစ် မွန်ပြည်နယ် ဗောဓိကိုးထောင် ဆရာတော်ဘုရားကြီးရဲ့ အောင်ရတနာကျောင်းတိုက်မှာ နဂါးရုံဘုရားတည်ဖို့ မတည်ငွေ သိန်း (၃၀၀) ကို လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်၊ မရမ်းကုန်းရွာ စာသင်ကျောင်း ရေသန့်စက်အလှူငွေ (၁၅) သိန်း၊ ကျောင်းသစ်ဆောက်လှူရန် မတည်အလှူငွေ သိန်း (၁၁၀) နဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း (၉၁၀) အတွက် စာရေးကိရိယာတွေ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

Image may contain: 3 people

နေခြည်ဦးကတော့ သူမရဲ့ မွေးနေ့လေးမှာ စုစုပေါင်း အလှူငွေ သိန်း (၅၅၀) ကျော်ဖိုး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နေခြည်ဦးရဲ့ ကောင်းမှူအလှူလေးကို သာဓုခေါ်ပေးကြဦးနော်။

Image may contain: 1 person, closeup

မိုမိုလေး

Previous Post

သန့်သန့်ရှင်းရှင်းရှာထားတဲ့ငွေလေးနဲ့ ဦးနှောက်ခွဲစိတ်လူနာတွေကို ညနေစာလှူဒါန်းခဲ့တဲ့ နော်ဖောအယ်ထား

Next Post

ခပ်မိုက်မိုက် အိုက်တင်တွေနဲ့ တရုတ်နှစ်ကူးကို ဖြတ်သန်းလိုက်ကြတဲ့ စည်ဖြိုးတို့ ချစ်သူနှစ်ဦး

Next Post

ခပ်မိုက်မိုက် အိုက်တင်တွေနဲ့ တရုတ်နှစ်ကူးကို ဖြတ်သန်းလိုက်ကြတဲ့ စည်ဖြိုးတို့ ချစ်သူနှစ်ဦး

မီးပွိုင့်မှာ ပန်းရောင်းတဲ့ကလေးတွေကို ပန်းကူရောင်းပေးပြီး ကုသိုလ်ယူခဲ့တဲ့ Sinon Loresca

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!