ပရိသတ်တွေက ခီမောင်နှံလို့ တင်စားကြတဲ့ မင်းသားချော ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်စတီးနားခီတို့ဟာ တူညီတဲ့ အနုပညာလမ်းခရီးကို လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။
ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ဟာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားကြသူများလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နားလည်မှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့ သူတို့မိသားစုလေးကို ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။
မနေ့က ဇန်နဝါရ်ီလ (၂၄) ရက်နေ့မှာတော့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ မိသားစုတွေက တရုတ်နှစ်သစ်ကူးနေ့လေးကို သားလေးနဲ့ သုံးယောက်တည်း ဖြတ်သန်းခဲ့ကြပါတယ်။
ဇဏ်ခီနဲ့ ခရစ်စတီးနားခီတို့ မိသားစုရဲ့ တရုတ်ရိုးရာ ကန်တော့ပွဲအခမ်းအနားလေးကို ချစ်ရတဲ့ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။
ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့က လတ်တလောမှာ “ထာဝရနှောင်ကြိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နိုင်ငံခြားပွဲစဉ်တွေနဲ့ အလုပ်ရှုပ်နေကြတာဖြစ်ပြီး နောက်ထပ်ရုပ်ရှင်ရိုက်ကူးမှုတော့ မရှိသေးပါဘူး။
ဇာဏ်ခီတို့ မိသားစုလေးက သုံးယောက်တည်းဆိုပေမယ့် နွေးထွေးကြင်နာမှုတွေနဲ့ ပျော်စရာကြီးနော်။ ပရိသတ်ကြီးလည်း ဇဏ်ခီတို့ မိသားစုပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ မိုမိုလေး