ချစ်စရာကောင်းပြီး သွက်လက်ချက်ချာ ထက်မြက်လွန်းတဲ့ မိန်းမချောလေး နေခြည်ဦးက Beauty Blogger တစ်ဦးအနေနဲ့ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်မင်းသမီးအဖြစ်ပါ အောင်မြင်လာတာ ဖြစ်ပါတယ်။ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ နေခြည်ဦးဟာ အောင်မြင်တဲ့ အနုပညာရှင်၊ Influencer တစ်ဦးဆိုလည်း မမှားပါဘူး။ မိန်းကလေးတိုင်းရဲ့ စံပြဖြစ်နေအောင် နေထိုင်တဲ့ နေခြည်ဦးရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တိုင်းက စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့ကတော့ နေခြည်ဦးရဲ့ မွေးနေ့လေးပဲဖြစ်ပြီး နေခြည်ဦးက တစ်နေကုန် အလှူအတန်းတွေလုပ်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။
နေခြည်ဦးက သူမအဘိုးတွေရဲ့ ဇာတိရွာလေးမှာ အလှူကြီး ခြိမ့်ခြိမ့်သဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေခြည်ဦးက ကျောင်းသား၊ ကျောင်းသူ ကလေးလေးတွေကို မဲဖောက်ပေးတဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။
နေခြည်ဦးက ထူးထူးဆန်းဆန်းအနေနဲ့ ကလေးလေးတွေကို ကပြစေခဲ့ပြီး သူမရှေ့မှာ ကပြတဲ့ ကလေးတိုင်းကို ကံစမ်းမဲတစ်စောင်စီ ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုကံစမ်းမဲထဲမှာတော့ ရွှေလက်စွပ်၊ TV၊ စက်ဘီး၊ ပန်ကာ၊ စတီးလ်ချိုင့်၊ ကျောပိုးအိတ် အစရှိတာတွေ ပါဝင်ပါတယ်။
နေခြည်ကတော့ မွေးနေ့ကို အရိုးရှင်းဆုံးနဲ့ အပျော်ရွှင်ဆုံး ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ အလှူပုံရိပ်တွေကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်။
မိုမိုလေး