MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခေးဆက်သွင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ ခေးဆက်သွင် သရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ ခေးဆက်သွင် က သူမ ကို နေ့စဉ် ပန်းစည်းလာပို့နေသူ နဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ရေးထားတဲ့ အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
ခေးဆက်သွင်က လတ်တလောသူမသရုပ်ဆောင်ထားတဲ့ နှင်းဆီဇာတ်လမ်း တွဲမှာ ပရိသတ်အားပေးမှုများစွာရရှိနေတာပါ။သူမက နှင်းဆီဇာတ်ကောင်နဲ့ လိုက်ဖက်လွန်းတာကြောင့်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ခေးဆက်သွင် က အမည်မသိသူ တစ်ယောက် ရဲ့ ပန်းစည်း surprise ပို့တာ ခံနေရတာပါ။ အဲဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ခေးဆက်သွင် က ခုလိုပြောထားပါတယ်။
ခေးဆက်သွင် က ” ထားစရာနေရာလည်း မရှိတော့ပါဘူးရှင်အိမ်ကကျဉ်းနေလို့ပါအိမ်ပြောင်းပြီးမှ ဆက်ပို့ချင်ပို့ပါအမည်မသိ ကိုဗျတ္တ(or)မဗျတ္တရှင့်” ဆိုပြီး ပြောထားပါတယ်။
#MoMoLay