• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, April 14, 2021
No Result
View All Result

ရွှေထူးရဲ့ Romantic ဆန်မှုတွေကို လိုက်မမီတော့ဘူးဆိုတဲ့ ရွှေမှုံရတီ

We Love Cele by We Love Cele
January 26, 2020
in အနုပညာ
0

ရွှေမှုံရတီကတော့ ခင်ပွန်းရဲ့ romantic ဆန်မှုတွေကို လိုက်လို့တောင် မမီတော့ပါဘူးတဲ့။ ရွှေထူးကလည်း ဇနီးချောလေးကို Surprise လုပ်ဖို့ ပိုက်ဆံစုနေရတယ်လို့ ဆိုပါတယ်။ ရွှေမှုံရတီကတော့ ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ Surprise တွေကြောင့် အရမ်းပျော်ရွှင်ခဲ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။ ရွှေထူးရဲ့ romantic ဆန်မှုတွေကို လိုက်မမီတော့ဘူးလို့ ရွှေမှုံရတီက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ သူကတော့ အရမ်း Ro တတ်ပါတယ်။ သဲလည်း Ro တတ်တယ်၊ ဒါပေမယ့် သူ့လောက်တော့ မRo တတ်ဘူး။ သူက နဂိုကတည်းက စိတ်အရင်းခံရှိပြီးသားဆိုတော့ ကောင်းပါတယ်။ Ro မှာချစ်တာ မဟုတ်ပါဘူး၊ ချစ်လို့ Ro ကြတယ်လို့ သဲ မြင်ပါတယ်။ အချစ်က အချစ်ပါပဲ။ ယောက်ျားကို ကြည့်တဲ့ အကြည့်တွေကလည်း အသက်ပါတယ်ဆိုတာ ချစ်လို့ပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက “ကမ်း” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Image may contain: 2 people, people smiling, people standing

ရွှေထူးကလည်း ချစ်သူများနေ့ နီးလာပြီဖြစ်တာကြောင့် ဇနီးချောလေးကို Surprise လုပ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် Surprise လုပ်ဖို့ ပိုက်ဆံစုရတာ အဆင်မပြေဘူးလို့ ဟာသနှောရင်း ပြောပြလာပါတယ်။

Image may contain: 1 person, standing

“အိမ်ထောင်သည် ယောက်ျားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒါက ယောက်ျားတွေက အလုပ်လုပ်တယ်၊ မိန်းမကို ပိုက်ဆံအပ်တယ်၊ မိန်းမတွေကကျတော့ Surprise လည်းလိုချင်သေးတယ်၊ ပိုက်ဆံကျတော့ မပေးဘူးဗျာ။ ကိုယ့်မှာကျတော့ ရှာကျန်ပြီးတော့ ၁ သောင်းလေးကျန်ရင် ၁သောင်းစု၊ ၅ ထောင်ကျန်ရင် ၅ထောင် စုလုပ်ထားရတာ။ ဒါကတော့ ယောက်ျားတွေအကုန်လုံးလည်း ကိုယ့်မိန်းမကို Surprise လုပ်ချင်တော့ ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။

Image may contain: 2 people, people smiling, selfie and closeup

ရွှေမှုံရတီနဲ့ ရွှေထူးတို့ ဇနီးမောင်နှံကတော့ မကြာခင်မှာ “ကမ်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတွဲ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သူတို့ ဇနီးမောင်နှံ နှစ်ယောက် တွေ့ဆုံတဲ့ ဒုတိယမြောက် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။

Image may contain: 2 people, people sitting and sunglasses

အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေထူးကလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်သလို ရွှေမှုံရတီကလည်း တီဗီကြော်ငြာတွေ၊ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။

ဆယ်လီရပ်ကွက်

Previous Post

အိမ်မှာထားစရာ နေရာမရှိတော့လို့ အိမ်ပြောင်းမှ ပန်းစည်းတွေကို ဆက်ပို့ပါလို့ ပြောလာတဲ့ ခေးဆက်သွင်

Next Post

သူများတွေ ပဲပေးပြီး ရိုက်နေချိန်တောင် လက်ကဇွန်းကိုမလွှတ်နိုင်ရတဲ့ အကြောင်းရင်းကိုပြောပြလာတဲ့ ဖွေးဖွေး

Next Post

သူများတွေ ပဲပေးပြီး ရိုက်နေချိန်တောင် လက်ကဇွန်းကိုမလွှတ်နိုင်ရတဲ့ အကြောင်းရင်းကိုပြောပြလာတဲ့ ဖွေးဖွေး

ဝူဟန်ရောဂါနဲ့ပက်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို ပြောပြလာတဲ့ ဇာဏ်ခီ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!