ပြည်သူချစ် စုံတွဲလေးဖြစ်တဲ့ Ah Boy နဲ့ မြတ်ရတနာကျော်က အနုပညာလောကမှာ အောင်မြင်သူတွေပဲ ဖြစ်ပါတယ်။ Ah Boy နဲ့ မြတ်ရတနာကျော်က လက်ထပ်ပြီးနောက်ပိုင်း အရင်ကလောက် အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့ပဲ သမီးလေးတွေကိုသာ အချိန်ပေးဂရုစိုက်ရင်း သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။
အနုပညာလှုပ်ရှားမှုအဖြစ် ကြော်ငြာတွေကိုသာ ရိုက်ကူးတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့က ဒီတစ်ခေါက်မှာလည်း ကြော်ငြာရိုက်ကွင်းပေါ်က ပုံတွေကို မျှဝေပေးထားတာ တွေ့ရပါတယ်။
Ah Boy နဲ့ မြတ်ရတနာကျော်တို့က သမီးငယ်လေး စကားလတ်ဖြိုးထွန်းနဲ့ အတူတူ ကြော်ငြာရိုက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် Ah Boy တို့ မိသားစုရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Ah Boy နဲ့ မြတ်ရတနာကျော်ရဲ့ သမီးငယ်လေး စကားလတ်ဖြိုးထွန်းက အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားပါတယ်။
ဒီကြော်ငြာလေးမှာနေရွှေသွေးအောင်ကလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။
Ah Boy တို့ မိသားစုလေးကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြော်ငြာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး