Chillies လေးတွေရဲ့ ဂိုဏ်းချုပ်ကြီး နေခြည်ဦးက အချိန် လေးနှစ်တာကာလမှာ အောင်မြင်မှု အထိပ်အထိတ်ကို ရရှိခဲ့ပါတယ်။ နေခြည်ဦးက များစွာသော အလုပ်တွေကို လုပ်ကိုင်နေပြီး အနုပညာလုပ်ငန်းတွေလည်း အချိန်ပေးလုပ်ကိုင်နေတာကို တွေ့ရပါတယ်။ နေခြည်ဦးရဲ့ လှုပ်ရှားမှုအားလုံးကို ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။
မနေ့က ဇန်နဝါရ်ီလ (၂၅) ရက်နေ့ကတော့ နေခြည်ဦးရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ မွေးနေ့လေးမှာ သူမအဘိုးအဘွားတွေရဲ့ ဇာတိရွာလေးမှာ အလှူကြီး ပြုလုပ်ခဲ့ပါတယ်။
နေခြည်ဦးက အဘိုးအဘွားတွေရဲ့ နေအိမ်မှာ အာရုဏ်ဆွမ်းကပ်ခဲ့သလို အဘိုးရဲ့ ခြံဝန်းထဲမှာ နံနက်ပိုင်း မုန့်ဟင်းခါးကျွေးခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ထမင်းနဲ့ဟင်း ကျွေးပြီး ကုသိုလ်ယူခဲ့ပါတယ်။
နေခြည်ဦးက ရွာထဲက ကလေးတွေကို TV၊ စက်ဘီး၊ ရွှေလက်စွပ် တွေ မဲဖောက်ပေးရင်း သူမရဲ့ မွေးနေ့ကို အရိုးရှင်းဆုံးနဲ့ အပျော်ရွှင်ဆုံး ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ အလှူကြီးကိုမြင်ပြီး ပီတိတွေ ကူးစက်သွားမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မှ ကျေးဇူးအထူးတင်ရှိပါတယ်။မိုမိုလေး