• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, August 11, 2022
No Result
View All Result

ပန်းရံလုပ်ရင်း လက်သုံးချောင်းဆုံးရှုံးသွားရတဲ့ ကလေးလုပ်သားကို ဖုန်းပြင်သင်တန်းအပ်ပေးခဲ့တဲ့ ဂျွန်လွင်

We Love Cele by We Love Cele
January 27, 2020
in အနုပညာ
0

Stars & Models Int’l Yangon ရဲ့ အဓိက ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဂျွန်လွင်က မသိတဲ့သူမရှိအောင် အောင်မြင်ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂျွန်လွင်က အနုပညာနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေများစွာကို ဦးစီးထားပေမယ့် ပရဟိတလုပ်ငန်းတွေကိုလည်း အချိန်ပေး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဂျွန်လွင်က အားလုံးအတွက် ဝမ်းသာစရာသတင်းစကားတစ်ခုကို အခုလို ပြောပြထားပါတယ်။

Image may contain: 2 people, people standing

” မောင်ချစ်မင်းထက်ကို ဒီနေ့ သူ့ဘဝအတွက် သူဝါသနာ ပါတဲ့ ဖုန်းပြင်သင်တန်းကို အပ်ခဲ့ပါတယ်။ ဖုန်းပြင်သင်တန်းနဲ့ မနီးမဝေးမှာ နေထိုင်စရာ အဆောင်တစ်လ ကို ၄၅၀၀၀ နဲ့ငှားပေးခဲ့ပြီး ထမင်းဖိုး တစ်နေ့ ၄၀၀၀၊ သင်တန်းစရိတ် ကျသက့်ငွေ ၈၀၀၀၀၀ မှ စရံငွေ ၂၀၀၀၀၀ ပေးခဲ့ပြီး ကိုယ်တိုင်အပ်နှံပေးခဲ့ပါတယ်။”

Image may contain: 3 people, people sitting

Image may contain: 2 people, people sitting

“ဖုန်းပြင်သည့်ပညာကို တစ်လ အစမ်း သင်ကြား နိုင်အောင်စီစဉ်ပေးထားပါတယ်။ တကယ်လို့ ဖုန်းပြင်တဲ့ပညာကို သူမလိုက်နိုင်ရင်လည်း တစ်ခြား အသက်မွေးဝမ်းကြောင်း ပညာတစ်ခု ထပ်သင်ပေးဖို့လဲစီစဉ်ထားပါတယ်။ မောင်ချစ်မင်းထက်နဲ့ပတ်သတ်ပြီး လှုဒါန်းထားတဲ့အလှုရှင် များကိုလည်း ကျေးဇူးတင်စွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ။” ဆိုပြီး ပြောထားပါတယ်။

Image may contain: 1 person, bicycle and outdoor

Image may contain: 1 person, sitting, bicycle, motorcycle and outdoor

ဂျွန်လွင်က ချစ်မင်းထက်ရဲ့ မိခင် ဈေးရောင်းချရန် ရင်းနှီးငွေ ၂ သိန်းကျပ်၊ ဖခင်အတွက် ဆေးကုသစရိတ်အပြင် ချစ်မင်းထက် သင်တန်းတက်နေစဉ် ကာလအတွင်း လစဉ် ထောက်ပံ့ငွေအဖြစ် ကျပ် ၁၅၀၀၀၀ ပေးအပ်ကူညီ သွားမယ်လို့ သိရပါတယ်။

Image may contain: text

No photo description available.

အလှူရှင်တွေနဲ့ ဂျွန်လွင်ရဲ့ ကူညီထောက်ပံ့မှုကြောင့် ချစ်မင်းထက်က ကလေးလုပ်သားဘဝကနေ လွတ်မြောက်ခဲ့ပြီး အသက်မွေးဝမ်းကြောင်းပညာတစ်ခုကို သင်ကြားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလှူရှင်တွေနဲ့ ဂျွန်လွင်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ပေးကြပါဦးနော်။

No photo description available.

Image may contain: 4 people, people standing

Image may contain: 2 people, people standing and shoes

မိုမိုလေး

Previous Post

စိတ်ဝင်စားစရာတွေပြည့်နှက်နေတဲ့ ပြင်သစ်ကရွာလေးတစ်ရွာအကြောင်း ပြောပြလာတဲ့ ဝတ်မှုံရွှေရည်

Next Post

ပထမဆုံး ရိုက်ကူးမယ့် အက်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်နေတဲ့ ဖြူဖြူထွေး

Next Post

ပထမဆုံး ရိုက်ကူးမယ့် အက်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်နေတဲ့ ဖြူဖြူထွေး

ဝတ်မှုံရွှေရည်ကို အရမ်း Crush ပါတယ်လို့ ဝန်ခံလိုက်တဲ့ ခင်လှိုင့်ရဲ့သား နေရဲ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!