• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, January 16, 2021
No Result
View All Result

ပထမဆုံး ရိုက်ကူးမယ့် အက်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်နေတဲ့ ဖြူဖြူထွေး

We Love Cele by We Love Cele
January 27, 2020
in အနုပညာ
0

အက်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့ သိရပါတယ်။

Image may contain: 2 people, people smiling

ဖြူဖြူထွေးဟာ အက်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လာရင် မင်းသားဂျွန်ဂို ကိုအရမ်းအားပေးခဲ့တာပါတဲ့။ သူမကိုယ်တိုင်ကလည်း မကြာခင် အက်ရှင် ရုပ်ရှင်ရိုက်တော့မယ်လို့ သိရပါတယ်။

Image may contain: 1 person, smiling, standing

ဖြူဖြူထွေးကတော့ မကြာခင်မှာ ရုပ်ရှင်ကားကြီးရိုက်တော့မယ်လို့ သိရပါတယ်။ အက်ရှင်ဇာတ်ကားဖြစ်တဲ့ အတွက် တော်တော် ကြိုးစားရမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Image may contain: 1 person, smiling, standing

“ ၃ လပိုင်းမှာ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖြစ်မယ်။ ဇာတ်ကားကတော့ တော်တော်ကြမ်းတယ်လို့ပြောတယ်။ ရိုက်မယ့် ဒါရိုက်တာကြီးကလည်း အကြီးကြီးပေါ့နော်။ အဲဒီအတွက်လည်း အရမ်းရင်ခုန် နေပါတယ်။ လောလောဆယ် စရံပဲရပါသေးတယ်၊ ဇာတ်ညွှန်းမဖတ်ရသေးဘူး။ ပါဝင်ရမယ့် ကာရိုက်တာကတော့ ကိုယ်နဲ့ လုံးဝမလိုက်တဲ့ ကာရိုက်တာမျိုးလေ ကြိုးစားရမှာပေါ့” ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရွှေပြည်နန်းပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Image may contain: 1 person, smiling, shoes

အက်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လာရင် သရုပ်ဆောင်ဂျွန်ဂို က အရမ်းအားပေးခဲ့တယ်လို့ ဖြူဖြူထွေးက ပြောပါတယ်။ ဂျွန်ဂို ဇာတ်ကားတွေကြည့်ပြီး သူငယ်ချင်းတွေနဲ့ ဖိုက်တင်ချတိုင်းတောင် ကစားခဲ့သေးတယ်လို့ ဆိုပါတယ်။

Image may contain: 1 person, smiling, standing and outdoor

“ ကိုယ်က အရင်တုန်းက ဂျွန်ဂို ကိုအရမ်းကြိုက်တာ။ ရွာမှာဆိုရင် ဂျွန်ဂိုနာမည်ကြီးလေ။ ဂျွန်ဂိုဇာတ်ကားတွေကြည့်ပြီးတော့ သူငယ်ချင်းတွေ ရန်ဖြစ်တာ။ ကိုယ်က ဖိုက်တင်ကားတွေကြည့်ပြီး အိမ်မှာလည်း လေ့ကျင့်တာကိုး။ အဲဒီမှာ မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်က တုတ်ကြီးနဲ့ အနောက်ကနေ လာဖက်တော့ ကိုယ်ကလည်း ဇာတ်ကားတွေထဲက အတိုင်း နောက်စေ့နဲ့ တိုက်လိုက်တာ မျက်လုံးကို ညိုမဲပြီးတော့ ဆေးခန်းသွားတာ ၃၀၀၀ လျော်လိုက်ရတယ်လေ။ ၅၀ လောက်ကိုမနည်းလုပ်နေရတဲ့အချိန်မှာ ၃၀၀၀ ဆိုတော့ အမေနဲ့ အဖေလည်း သွေးတက်သွားတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Image may contain: 1 person, smiling, sitting

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးထားတယ်လို့ သိရပါတယ်။

Image may contain: 1 person, smiling, outdoor

ဆယ်လီရပ်ကွက်

Previous Post

ပန်းရံလုပ်ရင်း လက်သုံးချောင်းဆုံးရှုံးသွားရတဲ့ ကလေးလုပ်သားကို ဖုန်းပြင်သင်တန်းအပ်ပေးခဲ့တဲ့ ဂျွန်လွင်

Next Post

ဝတ်မှုံရွှေရည်ကို အရမ်း Crush ပါတယ်လို့ ဝန်ခံလိုက်တဲ့ ခင်လှိုင့်ရဲ့သား နေရဲ

Next Post

ဝတ်မှုံရွှေရည်ကို အရမ်း Crush ပါတယ်လို့ ဝန်ခံလိုက်တဲ့ ခင်လှိုင့်ရဲ့သား နေရဲ

သမီးလေးပျော်နေဖို့အတွက် အကောင်းဆုံးမိတ်ဆွေတွေအဖြစ် ဆက်လက်ရှိနေမယ်ဆိုတဲ့ ချမ်းချမ်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!