နိုင်ငံကျော်ရုပ်ရှင်ဒါရိုက်တာ ကြီး အကယ်ဒမီများရှင် ဇင်ရော်မောင်မောင် နဲ့ အကယ်ဒမီ မေသန်းနု တို့ ရဲ့ သားလေး ဒါရိုက်တာ မင်းသန့်မောင်မောင် က လက်ရှိမှာ ဖခင်နဲ့အတူ တိမ်တွေပေါ်က ပန်း ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပြီး အောင်မြင်မှုရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ ငွေကြေးလိမ်လည်မှုကြောင့် ထောင်ကျနေတဲ့ မိခင် မေသန်းနု ရဲ့ မွေးနေ့မှာ မိခင်ရဲ့ အမှားတွေကို မင်းသန့်မောင်မောင် က မိခင် ကိုယ်စား ခွင့်လွတ်ပေးဖို့ တောင်းပန်ပြီး မွေးနေ့ဆုတောင်းပေးထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
အကယ်ဒမီ မေသန်းနု က လက်ရှိမှာ ငွေကြေးလိမ်လည်မှု နဲ့ ထောင်ဒဏ် ၁နှစ် ချမှတ်ခံထားရတဲ့ အကြောင်းကို ပရိသတ်တွေ သိလောက်မှာပါ။ ဒါရိုက်တာ ဇင်ရော်မောင်မောင် က သူ့ရဲ့ ဇနီးဟောင်း မထင်မှတ်ပဲ ထောင်ကျသွားတာကြောင့် သားဖြစ်သူ နဲ့ အတူ ပူဆွေးသောက ရောက်နေရတာပါ။
ဒီနေ့မှာတော့ မေသန်းနု ရဲ့ မွေးနေ့လေး ဖြစ်တာကြောင့် မင်းသန့်မောင်မောင် က ထောင်ကျနေတဲ့ မိခင်အတွက် ခုလို မွေးနေ့ဆုတောင်း ပေးထားပါတယ်။
“ဤလောကတစ်ခုလုံး၌ကျွန်တော်ဧ။်တစ် ဦး တည်းချစ်ရသောမိခင်ရဲ့မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော်ကို ဒီနေ့အထိပြုစုပျိုးထောင်ပြီး ကျွန်တော့် အတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီနေ့ဟာ ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံးဖြစ်တဲ့ ကျွန်တော်အမေရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အခက်အခဲတွေ အတားအဆီတွေကြားထဲကနေ ဒီနေ့လေးကို အမေအတူတူ ကျွန်တော် ဖြတ်သန်းချင်တာပါ။ နာကြင်တဲ့ကြားထဲကနေ ကံကြမ္မာဆိုးတွေကို ကျွန်တော်နဲ့အတူ ဖြတ်ကျော်ကြရအောင်ပါ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အမေကျွန်တော်ရဲ့အမေပါပဲ။ အမေက ကျွန်တော့်ကို ဒီလောကကြီးထဲမှာ ရှင်သန်ခွင့်ပေးခဲ့တယ်။ အမေကို အမြဲတမ်းချစ်ပြီး အမြဲတမ်းလွမ်းနေရပါတယ်။ အမေနဲ့ ကျွန်တော်မိသားစုအတွက် ဂုဏ်ယူရအောင် အမြဲအလုပ်တွေ ကြိုးစားနေပါတယ် ဒီထက်ပိုပြီးလည်း ကြိုးစားသွားပါ့မယ်။အမေမှားခဲ့တာတွေရှိခဲ့ရင်လည်း ကျွန်တော် ခွင့်လွှတ်ပါတယ် ကျွန်တော့်အတွက် လုပ်ခဲ့တယ်ဆို ကျွန်တော် အသိဆုံးမို့လို့ပါ။ သားအမှားတွေ ရှိခဲ့ရင်လည်း သားကို ခွင့်လွှတ်ပေးပါအမေ။ ”
“အားလုံးသော ခွင့်လွှတ်ခြင်းတွေနဲ့ အမေကျန်းမာပျော်ရွှင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော် အမေ့ရဲ့ကိုယ်စား အမေ့မွေးနေ့မှာ အန္တရာယ်ကင်းပြီး အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။အားလုံး စိတ် ဧ။် ကျန်းမာခြင်းနဲ့ပြည့်စုံပြီး မိသားစုနှင့်အတူပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ချစ်တယ် အမေ။ကျွန်တော့်အမေကို ဆုတောင်းပေးပါသော ပရိသတ်များအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ကျွန်တော်အမေမှားခဲ့တာရှိရင်လည်း အမေ့ကိုယ်စား ကျွန်တော်ကပဲ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ခင်ဗျာ” ဆိုပြီး ပြောထားပါတယ်။
မင်းသန့်မောင်မောင် ရဲ့ မိခင်အတွက် မွေးနေ့ဆုတောင်း ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
မိုမိုလေး