• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

သားနဲ့ သမီးပုံတွေကို သတင်းမီဒီယာမှာ တင်ခွင့်မပေးတဲ့အကြောင်း ပြောပြလာတဲ့ ပြေတီဦး

We Love Cele by We Love Cele
January 28, 2020
in အနုပညာ
0

ပရိသတ်တွေရဲ့ ချစ်ခြင်းများစွာကို ရရှိထားတဲ့ အနုပညာရှင် ဇနီးမောင်နှံဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ဆိုရှယ်မီဒီယာမှာ သူတို့ရဲ့သားသမီးများရဲ့ဓာတ်ပုံများကို တင်တဲ့အခါ သတင်းမီဒီယာများ ကူးယူဖော်ပြခြင်း မပြုပါရန်လို့ ထည့်သွင်းရေးသားရတာနဲ့ ပတ်သက်ပြီး ပြေတီဦးက အခုလို ပြောပြခဲ့ပါတယ်။

Image may contain: 1 person, smiling, text

“သတင်းမီဒီယာများမှာ ကူးယူမဖော်ပြရန် မေတ္တာရပ်ခံပါတယ်ဆိုတာကလေ ကျနော်တို့က အူဝဲရဲ့ Page မှာပဲဖြစ်ဖြစ်၊ ကျနော့်ရဲ့အကောင့်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့မိတ်ဆွေတွေ အပေါင်းအသင်းတွေ၊ ပရိသတ်တွေပဲ ရှိတာဆိုတော့ ကျနော်တို့က သူတို့ကိုသိစေချင်တဲ့ အကြောင်းအရာလေးတွေ ပျော်စေချင်တာလေးတွေ ဒီလို စိတ်ဆန္ဒနဲ့ တင်လိုက်တာပေါ့”

Image may contain: 1 person, standing

“ကျနော်တို့တင်တဲ့ အကြောင်းအရာ၊ ပြောပြချင်တဲ့အကြောင်းအရာက တမျိုးပေါ့။ ဒါကို တချို့မီဒီယာ အသစ်တွေလည်း ရှိတယ်။ ကျင့်ဝတ်နားမလည်တဲ့ မီဒီယာတွေလည်း ရှိတယ်။ အခုလို ကျနော်တို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မီဒီယာတွေက ပြောစရာအကြောင်း မရှိဘူး။ ကျနော်တို့ ပေးချင်တဲ့ အဓိပ္ပာယ်နဲ့ ဆန့်ကျင်ဘက် ပရိသတ် အထင်အမြင် လွဲမှားအောင် ခေါင်းစဉ်တင်လို့တော့ အဆင်မပြေဘူးပေါ့”

Image may contain: 2 people, people smiling, people standing

“အဲဒါကြောင့် ကျနော်တို့အနေနဲ့က ဘယ်မီဒီယာမှာတော့ တင်ပါ၊ ဘယ်မီဒီယာက မတင်ပါနဲ့ဆိုပြီး ခွဲခြားပြီးပြောဖို့က ခက်တယ်လေ။ ဒါကြောင့်မို့ သတင်းမီဒီယာများမှာ ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံပါတယ်ဆိုပြီး ထည့်လိုက်ရတာပေါ့။ ဒီလိုမတင်တော့ ယူယူတင်တဲ့အခါမှာ ခဏခဏ ပရိသတ်နဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်တယ်”လို့ ပြေတီဦးက ပြောပါတယ်။

Image may contain: 1 person, sitting and eyeglasses

အမျိုးမျိုး ပေါ်ထွက်လာတဲ့ ကျင့်ဝတ် နားမလည်သော မီဒီယာများကြောင့် သားသမီးပုံများကို ကူးယူတင်ခွင့်မပြုတော့ဘဲ ကန့်သတ်လိုက်တာဖြစ်တယ်လို့ ပြေတီဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြေတီဦးက ရုပ်ရှင်ဇာတ်ကားတကား ရိုက်ကူးနေတာကြောင့် သူ့ရဲ့ Facebook အကောင့်ကို Deactivate လုပ်ခဲ့ပြီး စိတ်မကောင်းစရာ သတင်းများကို ဖတ်တဲ့အခါ စိတ်ထဲစွဲနေမှာ စိုးတာကြောင့် လုပ်ခဲ့တာလို့ သိရပါတယ်။

Image may contain: 1 person, sitting and closeup

“Facebook မသုံးဘူးဆိုတာက ကျနော်ရိုက်နေတဲ့ “ငရဲဆို ချိုနဲ့လား” ရုပ်ရှင်က ရိုက်ရက်ကြီးပဲ ၂ လလောက်ကြာတယ်။ ရိုက်ကွင်းပေါ်မှာပဲဖြစ်ဖြစ်၊ ရိုက်ကွင်းမှာပဲဖြစ်ဖြစ်၊ စိတ်မကောင်းစရာ သတင်းတို့၊ ဘာတို့ကဟိုးအရင်ကတော့ ပြဿနာမရှိဘူး။ သတင်းကို သတင်းလိုပဲ ဖတ်လိုက်တာပေါ့”

Image may contain: 2 people, people smiling, shoes and outdoor

“အခုကျတော့ သားသမီးတွေ ရလာတော့ ကလေးလေးတွေနဲ့ ပတ်သက်တဲ့ သတင်းပါလာပြီဆိုရင် အရမ်းကို နေလို့ထိုင်လို့ မကောင်းအောင် ခံစားရတယ်။ နေလို့ကို မကောင်းဘူး။ စိတ်ထဲမှာ စွဲနေပြီးတော့ စိတ်ကလေးပြီး တမျိုးကြီးဖြစ်နေရော။ အဲ့လိုဖြစ်ရင် ကိုယ်ရိုက်တဲ့ကားပေါ်မှာ ထိခိုက်မှာစိုးလို့ အကောင့်ကို ပိတ်ထားလိုက်တာပေါ့” လို့ ပြေတီဦးက ပြောပါတယ်။

Image may contain: 2 people, people smiling, sunglasses and closeup

သားသမီးများကြောင့် စိတ်ခံစားချက်များလည်း ပြောင်းလဲလာခဲ့ပြီး ကလေးများနဲ့ ပတ်သက်တဲ့ သတင်းများ ဖတ်မိတဲ့အခါမှာ ရုပ်ရှင်ရိုက်ကူးမှုကိုပါ ထိခိုက်စေနိုင်တာကြောင့် ဆိုရှယ်မီဒီယာကို မသုံးဖြစ်တာလို့ ပြေတီဦးက ဆိုပါတယ်။ သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ “ပြေသုဒြာ” နဲ့ “ပြေဓီရ” ဆိုတဲ့ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးကို ပိုင်ဆိုင်ထားပါတယ်။

Image may contain: 2 people, people smiling, closeup

ဧရာဝတီ

Previous Post

လူသိရှင်ကြားဖြစ်ခဲ့ရတဲ့ သားဖြစ်သူရဲ့ အချစ်ရေးအပေါ် နေမျိုးအောင်ရဲ့ သဘောထား

Next Post

ရွှေကြို တစ်ယောက်အနေနဲ့ ဝင်ရောက်အရွေးချယ်ခံမယ့် ဟိန်းဝယံရဲ့ ညီမလေး စွဲညို့ရှင်

Next Post

ရွှေကြို တစ်ယောက်အနေနဲ့ ဝင်ရောက်အရွေးချယ်ခံမယ့် ဟိန်းဝယံရဲ့ ညီမလေး စွဲညို့ရှင်

မွေးနေ့ကိတ်ထဲ တစ်သောင်းတန်အထပ်လိုက် ထည့်ပြီး Surprise လုပ်ခဲ့တဲ့ အာဘွိုင်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!