ပရိသတ်အချစ်တော် နိုင်ငံကျော် သရုပ်ဆောင် မင်းသားချောလေး ဟိန်းဝေယံ ရဲ့ချောမောလှပတဲ့ ညီမလေး စွဲညို့ရှင် ကို ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ စွဲညို့ရှင် က အစ်ကို ဖြစ်သူ ဟိန်းဝေယံ နဲ့ အတူ ဗွီဒီယို ဇာတ်ကား ရိုက်ဖူးသူ လေးဖြစ်သလို ပွဲတက်များမှာလည်း တွေ့ရတတ်ပါတယ်။ ဒီတစ်ခါမှာတော့ စွဲညို့ရှင် က ယခုနှစ် အကယ်ဒမီ ရွှေကြို ရွေးချယ်ပွဲမှာ ပါဝင်ရွေးချယ်ခံခဲ့တဲ့ အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
စွဲညို့ရှင် က ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသလို ယောကျာ်းလေးပရိသတ်တွေ ၀န်းရံခြင်း ခံထားရသူလေးပဲ ဖြစ်ပါတယ်။သူမက အစ်ကို ဖြစ်သူ ဟိန်းဝေယံလို အနုပညာအလုပ်ကို ၀ါသနာပါတယ်လို့လည်း သိရပါတယ်။
သူမက ဇန်န၀ါရီလ ၂၇ ရက် နေ့ မနက်ပိုင်း Sky Star Hotal မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ရွှေကြို ရွှေးချယ်ပွဲမှာ ပါဝင်အရွေးချယ်ခံခဲ့တာပဲ ဖြစ်ပါတယ်။ရွှေကြို အဖြစ်လာလျှောက်ကြတဲ့ အယောက် ၁၀၀၀ကျော်ထဲမှာ စွဲညို့ရှင်လည်း ပါဝင်ခဲ့သလို Votting စနစ်နဲ့ ရွေးချယ်သွားမယ်လို့သိရပါတယ်။
အစ်ကိုဖြစ်သူ ဟိန်းဝေယံ ကလည်း သူမ ရွေကြို ၀င်ရောက်ရွေးချယ်ခံတဲ့ အပေါ် အားပေးတယ်လို့လည်းပြောထားပါတယ်။ သူမရွှေကြို အဖြစ်ရွေးချယ်ခံရမယ်ဆိုရင် အနုပညာအလုပ်တွေ ဖြစ်တဲ့ Photo Shoot ၊ ကြော်ငြာ၊ နဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။
သရုပ်ဆောင် ဟိန်းဝေယံ ရဲ့ ညီမလေး စွဲညို့ရှင် ကို ချစ်ပရိသတ်ကြီးကလည်း Voting ပေးပြီး ၀န်းရံ ပေးလိုက်ကြပါဦးနော်။ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး