အာဘွိုင်းက သူ့ဇနီးဖြစ်သူ မြတ်ရတနာကျော်ရဲ့ မွေးနေ့မှာ ဗိုလ်ကြီးပုံမွေးနေ့ကိတ်လေး ဖန်တီးပေးခဲ့တဲ့အပြင် တစ်သောင်းတန်တွေပါ အထပ်လိုက် ထည့်ပေးခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့လေးက သရုပ်ဆောင် မြတ်ရတနာကျော်ရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ လက်ရှိမှာ သိပ်ချစ်စရာကောင်းပြီး ချောလွန်းလှတဲ့ သမီးလေး Scarlett လေးကိုပိုင်ဆိုင်ထားတဲ့ မိသားစုလေးပါ။ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ မိသားစုလေးတစ်စုဆိုရင်လည်း မမှားပါဘူး။
မြတ်ရတနာကျော်က သူမမွေးနေ့လေးကို ကျိုက်ဝိုင်းက လူငယ်သင်တန်းကျောင်းမှာ အာဟာရဒါနပြုပြီး လှူဒါန်းခဲ့ပါတယ်။ ဇနီးအကြိုက်လေးကို သိတတ်တဲ့ အာဘွိုင်းက သူမမွေးနေ့ကို မြောက်ကိုရီးယားဗိုလ်ကြီးပုံကိတ်မုန့်ကို ဖန်တီးပြီး မွေးနေ့ ဆုတောင်းပေးခဲ့တာပါ။
ဒီထက်ပိုပြီး သူမကို Surprise ဖြစ်စေတာကတော့ ဗိုလ်ကြီးပုံမွေးနေ့ကိတ်ထဲမှာ မြန်မာငွေကျပ် တစ်သောင်းတန်တွေကို ပလပ်စတစ်အိတ်နဲ့ အထပ်လိုက် အတွဲလိုက် ထည့်ထားတာပဲဖြစ်ပါတယ်။
ခင်ပွန်းဆီက ဒီလိုမွေးနေ့လက်ဆောင်လေးကို ရခဲ့လို့ မြတ်ရတနာကျော်တစ်ယောက် ဘယ်လောက်တောင် ပျော်ရွှင်ဝမ်းသာနေလဲဆိုတာ ပုံတွေကိုကြည့်ရင် သိနိုင်ကြမယ်ထင်ပါတယ်နော်။
Cele Star