• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

ဖျော်ဖြေပွဲတစ်ခုမှာ လူတစ်ရပ်စာလောက်ရှိတဲ့ အရုပ်ကြီးတွေနဲ့ Surprise လုပ်ခံလိုက်ရတဲ့ အေးမြဖြူ

We Love Cele by We Love Cele
January 28, 2020
in အနုပညာ
0

အဆိုတော်မလေး အေးမြဖြူတစ်ယောက် မနေ့ညတုန်းက ဖျော်ဖြေပွဲတစ်ခုမှာ Surprise တိုက်ခံလိုက်ရပါတယ်။

Image may contain: 1 person, smiling, sitting and indoor

Image may contain: 1 person, smiling, standing, text and outdoor

မြန်မာအိုင်ဒေါ Season-4 ရဲ့ ပြိုင်ပွဲဝင်လေး အေးမြဖြူက ကျောင်းတက်နေရင်းနဲ့ အနုပညာလုပ်ငန်းတွေကိုလည်း အဆက်မပြတ်လုပ်ကိုင်လာတာတွေ့ရပါတယ်။ မကြာသေးခင်က ပြီးဆုံးသွားတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ဝင်းနားဆုနဲ့ လွဲချော်သွားခဲ့ပေမယ့် သူမရဲ့ ပရိသတ်တွေကတော့ ဝင်းနားဆုကြီးကို အပြည့်အဝပေးခဲ့ကြတာပါ။ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းမယ့် အေးမြဖြူက သိပ်မကြာခင်အချိန်မှာလည်း နာမည်ကျော် ဒါရိုက်တာ ဏကြီးရဲ့ ရုပ်ရှင်ဇတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရရှိတော့မှာဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing, tree and outdoor

Image may contain: 1 person, smiling, standing and outdoor

သီချင်းဆိုရင် မြန်မာအသံ၊ ခေတ်ပေါ်တေးသီချင်းတွေ စွယ်စုံသီဆိုနိုင်တဲ့ သူမကို ကလေး၊ လူကြီးပါမကျန် ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ ဖဒိုမြို့လေးက ကရင်နှစ်သစ်ကူးပွဲကို သွားရောက်ဖျော်ဖြေခဲ့တဲ့ အေးမြဖြူကို ပရဟိတတွေလုပ်ကိုင်တဲ့ ကိုစိုးထိုက် (ဖဒို) က Surprise လုပ်ခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, smiling, standing, plant, tree, outdoor and nature

ကိုစိုးထိုက် (ဖဒို) ဟာ အေးမြဖြူလေးရဲ့ အမာခံပရိသတ်ဖြစ်ပြီး အေးမြဖြူလေးကို ဒီလို လက်ဆောင်ပေးခွင့်ရဖို့ ဇနီးဖြစ်သူကိုယ်တိုင်က အကြံပေးခဲ့တာလို့ ဆိုပါတယ်။

Image may contain: 2 people, people smiling, people standing

Image may contain: one or more people and people standing

“SURPRISE..Presenter လုပ်ပေးတဲ့ သူငယ်ချင်းက မေးတယ်။ “သမီးရဲ့ Big Fan တစ်ယောက် ဖဒိုမှာရှိတာ သိလား..” သမီးရယ်ရင်း ပြန်ဖြေတယ်။ “ကိုစိုးထိုက်..”တဲ့…။ ကြည်နူးပါတယ်.. ကိုယ့်သမီးအရွယ်မို့ တူမလို သမီးလို ချစ်ရတဲ့ အေးမြဖြူလေးကို အခုလိုမျိုး ပျော်သွားအောင် စင်ပေါ်တက်ပြီး လက်ဆောင်ပေးခွင့်ရလို့ အရမ်းကို ကြည်နူးရပါတယ်။ ဒီလိုမျိုး စင်ပေါ်တက်ပြီး အခမ်းအနားအစီအစဉ်နဲ့ သေသေချာချာ လက်ဆောင်ပေးခွင့်ရအောင် စီစဉ်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့ လူ ကျပ်ညပ်နေတဲ့ ကွင်းထဲမှာ လူတစ်ရပ်စာ အရုပ်ကြီး နှစ်ရုပ်ကို ခက်ခက်ခဲခဲ လိုက်ထမ်းပေးခဲ့တဲ့ ညီလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။”

Image may contain: one or more people, people standing and people on stage

Image may contain: 2 people, people smiling, people standing

“အမှန်အတိုင်း ပြောရရင် ဒီအရုပ်တွေကို ကျွန်တော့်ရဲ့ ဇနီးဝယ်ပေးလိုက်တာပါ။ (လက်ဆောင်ပေးဖို့ အကြံလည်း သူပေးတာ) မြန်မာပြည်မှာ ဒီလိုမျိုး Idol တစ်ယောက်ယောက်ကို ချစ်တဲ့အခါ ယောက်ျား မိန်းမမရွေး နှာဘူးလို့ ထင်ကြသူထဲ ကိုယ့်ဇနီးသည် မပါလို့လည်း ကျေနပ်ရပါတယ်။ ဘာပဲပြောပြော ညက ကျွန်တော် …. တော်တော်လေး ပျော်ခဲ့ပါတယ်။” လို့ ကိုစိုးထိုက်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ အပျော်တွေကို မျှဝေရေးသားခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, smiling

Image may contain: 2 people, people smiling

စင်ပေါ်မှာ Surprise တိုက်ခံလိုက်ရတဲ့ အေးမြဖြူတစ်ယောက် ဘယ်လောက် ဝမ်းသာပီတိဖြစ်နေမလဲဆိုတာတော့ ပရိသတ်ကြီး ပုံလေးတွေကိုကြည့်ပြီး ခံစားကြည့်ပေးပါနော်။

Image may contain: 2 people, people smiling, people standing and text

Cele Star

Previous Post

ရွှေကြိုဝင်ပြိုင်နေတဲ့ တစ်ဦးတည်းသော မောင်လေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မိုးယုစံ

Next Post

ချစ်တဲ့သူလေး ပျော်သွားဖို့ဆို ခြောက်ရကျိုးနပ်တယ်ဆိုတဲ့ တိုင်ရွန်

Next Post

ချစ်တဲ့သူလေး ပျော်သွားဖို့ဆို ခြောက်ရကျိုးနပ်တယ်ဆိုတဲ့ တိုင်ရွန်

ကြော်ငြာရိုက်ရင်းရတဲ့ အနုပညာကြေးလေးနဲ့ သံဃာတော်အပါး(၄၀၀)ကို လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!