• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

အလုပ်တွေမနားမနေဆက်တိုက်လုပ်ပြီး နောက်ဆုံးမှာ ဆေးရုံရောက်ခဲ့ရတဲ့ ပိုင်ဖြိုးသု

We Love Cele by We Love Cele
January 29, 2020
in အနုပညာ
0

အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက အနုပညာလောကမှာ အောင်မြင်သူတစ်ယောက်ပါပဲ။ ပိုင်ဖြိုးသုက ဒါရိုက်တာဏကြီးနဲ့ အိမ်ထောင်ကျပြီးနောက်မှာတော့ သူမရဲ့ အောင်မြင်မှုအရှိန်အဟုန်က ပိုလို့တောင် တိုးပွားလာတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပိုင်ဖြိုးသုရဲ့ လှုပ်ရှားမှုတိုင်းကို ချစ်ခင်စွာနဲ့ စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုက လက်ရှိမှာတော့ အလုပ်တွေ ပင်ပန်းလွန်းပြီး အားပြတ်သွားကာ ရန်ကုန်မြို့၊ အာယု International ဆေးရုံကြီးမှာ ဆေးရုံတင်ထားရတယ်လို့ သူမရဲ့ ခင်ပွန်း ဒါရိုက်တာ ဏကြီးက ပြောထားပါတယ်။

ပိုင်ဖြိုးသုရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ပေမယ့် ဒါရိုက်တာဏကြီးကတော့ ရုပ်ရှင်ရိုက်ကူးလက်စရှိနေတဲ့အတွက် ဇနီးလေးဘေးနားမှာ ရှိမနေပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုက တစ်နှစ်မှာ ရုပ်ရှင်ဇာတ်ကား အနည်းငယ်သာ ရိုက်ကူးပေမယ့် သူမလုပ်ဆောင်ရတဲ့ ဇာတ်ကောင်အပေါ် စိတ်ရော၊ လူပါနစ်ပြီး သရုပ်ဆောင်တတ်တာကြောင့် တော်တော်လေး ပင်ပန်းရတာ ဖြစ်ပါတယ်။ပိုင်ဖြိုးသုတစ်ယောက် ဆေးရုံမှာ ဆေးထိုးအပ်တန်းလန်းနဲ့ ဖြစ်နေတာကိုမြင်ရတာ စိတ်မကောင်းစရာပါပဲ။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုတစ်ယောက် အမြန်ဆုံး သက်သာလာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

မိုမိုလေး

Previous Post

ကြော်ငြာရိုက်ရင်းရတဲ့ အနုပညာကြေးလေးနဲ့ သံဃာတော်အပါး(၄၀၀)ကို လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး

Next Post

ငယ်ငယ်တုန်းကတည်းက အိပ်မက်ကို အကောင်အထည်ဖော်တော့မယ့် ထွန်းဝီရ

Next Post

ငယ်ငယ်တုန်းကတည်းက အိပ်မက်ကို အကောင်အထည်ဖော်တော့မယ့် ထွန်းဝီရ

အသက်ကြီးသွားမှ ရုပ်ရှင်မရိုက်ရတော့တဲ့ ဟဲဗီးဖြိုးကို သူ့ရဲ့ရုပ်ရှင်ထည့်ရိုက်ပေးမယ်ဆိုတဲ့ ယုန်လေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!