• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

ရန်ကုန်မြို့က ပြည်သူလူထုအတွက် Mask တွေ အခမဲ့ ဝေငှသွားမယ့် Sinon Loresca

We Love Cele by We Love Cele
January 29, 2020
in အနုပညာ
0

ဖိလစ်ပိုင် သရုပ်ဆောင်၊ မော်ဒယ်၊ ဟာသသရုပ်ဆောင် Sinon Loresca က မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Sinon Loresca က အလှူအတန်း ရက်ရောပြီး ပရဟိတစိတ် ပြင်းထန်သူတစ်ယောက် ဖြစ်တာကြောင့် ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Sinon Loresca က လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေလျက် ရှိပါတယ်။ 

Sinon Loresca က လတ်တလောဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး စိုးရိမ်မကင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် Sinon Loresca အနေနဲ့ ဝူဟန်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ အခုလို စီစဉ်ထားကြောင်း ပြောပြလာပါတယ်။ 

” ကျွန်တော် ဒီနေ့ ရန်ကုန်မြို့က နေရာအချို့မှာ Mask တွေကို ဝေငှသွားပါမယ်။ ဘာအတွက်လည်းဆိုတော့ ကျွန်တော်တို့ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ကမ္ဘာကြီးကို ဂရုစိုက်ကာကွယ်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။” လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။  

ဝူဟန်ဗိုင်းရပ်စ်က အခုဆိုရင် နိုင်ငံပေါင်း (၁၈) နိုင်ငံအထိ ပျံ့နှံ့နေပြီဖြစ်ပြီး မြန်မာနိုင်ငံကို မရောက်ရှိလာသေးဘူးဆိုပေမယ့် မိမိတို့ကိုယ်မိမိ ကြိုတင်ကာကွယ်ထားဖို့ကတော့ အရေးကြီးပါတယ်။ 

Sinon Loresca ကတော့ သူချစ်တဲ့ မြန်မာလူမျိုးတွေ ရောဂါဆိုးကြီးကနေ ကင်းဝေးစေဖို့ အခုလို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး

Previous Post

အသက်ကြီးသွားမှ ရုပ်ရှင်မရိုက်ရတော့တဲ့ ဟဲဗီးဖြိုးကို သူ့ရဲ့ရုပ်ရှင်ထည့်ရိုက်ပေးမယ်ဆိုတဲ့ ယုန်လေး

Next Post

ဆွစ်ဇာလန်က ရေခဲတောင်ကြီးပေါ်မှာ နှင်းလျှော်စီးခဲ့တဲ့ အတွေ့အကြုံကို မျှဝေလာတဲ့ ဝတ်မှုံရွှေရည်

Next Post

ဆွစ်ဇာလန်က ရေခဲတောင်ကြီးပေါ်မှာ နှင်းလျှော်စီးခဲ့တဲ့ အတွေ့အကြုံကို မျှဝေလာတဲ့ ဝတ်မှုံရွှေရည်

ရွှေစက်တော်ဖွင့်ပွဲကို အက်စတာဒေါ့သ်ချင်းဆုန်နဲ့အတူတူ သွားရောက်ဖျော်ဖြေခဲ့တဲ့ အေးမြဖြူ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!