• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

သားဥအိမ်ရေအိတ်တည်တဲ့အတွက်ကြောင့် ဗိုက်ခွဲစိတ်ခဲ့ရပေမယ့် စိတ်မပူကြဖို့ပြောလာတဲ့ ပိုင်ဖြိုးသု

We Love Cele by We Love Cele
January 30, 2020
in အနုပညာ
0

ဆရာဝန်၊ ရုပ်ရှင်မင်းသမီးချောလေး ပိုင်ဖြိုးသုက သူမရဲ့ ပါရမီထူးချွန်မှုကြောင့် အကယ်ဒမီဆုကြီးတစ်ဆုကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက နိုင်ငံရပ်ခြားမှာ သရုပ်ဆောင်ပညာကို စနစ်တကျ သေချာသင်ကြားထားတာကြောင့် သူမရဲ့ အရည်အခင်းကတော့ ပြောစရာမလိုအောင် ကောင်းမွန်လှပါတယ်။ ဒါ့အပြင် ပိုင်ဖြိုးသုက ဒါရိုက်တာ ဏကြီးနဲ့ လက်ထပ်ပြီး အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေသလို Fatty Gangstar Production ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုကိုလည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။

အလုပ်တွေ မနားမနေ ကြိုးစားလွန်းတဲ့ ပိုင်ဖြိုးသုက မနေ့က ဇန်နဝါရီလ (၂၉) ရက်နေ့မှာတော့ အာယုဆေးရုံမှာ ဆေးရုံတက်နေရကြောင်း သူမရဲ့ခင်ပွန်း ဏကြီးက ပရိသတ်တွေကို အသိပေးထားပါတယ်။ ပိုင်ဖြိုးသုတစ်ယောက် ဆေးရုံတက်ရတယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပိုင်ဖြိုးသုက သူမနေနဲ့ သက်သာကြောင်းကို ” သုသုသက်သာပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ Endometriotic cyst အတွက်ဗိုက်ခွဲရတာပါ။ ဒါပေမယ့် laproscopic surgery မို့မနက်ဖြန်ဆိုရင်တောင်ဆေးရုံကဆင်းပါပြီ။ စိတ်မပူကြပါနဲ့ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများ 🥰🥰🥰” ဆိုပြီး စိတ်မပူဖို့ကို ပြောထားပါတယ်။

Endometriotic cyst ဆိုတာကတော့ မိန်းကလေးတွေမှာ အဖြစ်များတဲ့ သားဥအိမ်ရေအိတ်တည်ခြင်းဖြစ်ပြီး ပိုင်ဖြိုးသုကတော့ လေဆာနဲ့ခွဲစိတ်တာမို့ စိတ်ပူစရာမရှိပါဘူး။

ပိုင်ဖြိုးသုကတော့ အလုပ်တွေကို မနားမနေ ဆက်တိုက်လုပ်ပြီး ကျန်းမာရေး ချူချာသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုတစ်ယောက် အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။ 

မိုမိုလေး

Previous Post

ဖခင်ကိုအားမကိုးဘဲ အလုပ်တွေလုပ်နေတဲ့ သားဖြစ်သူအတွက် ပီတိတွေဖြစ်ရတဲ့ နေမျိုးအောင်

Next Post

သူအရမ်းလိုချင်နေတဲ့ သမီးလေး မွေးဖွားပြီဖြစ်လို့ အရမ်းပျော်နေတဲ့ အောင်လအန်ဆန်

Next Post

သူအရမ်းလိုချင်နေတဲ့ သမီးလေး မွေးဖွားပြီဖြစ်လို့ အရမ်းပျော်နေတဲ့ အောင်လအန်ဆန်

ချစ်ရတဲ့ အစ်ကို၊အစ်မတွေနဲ့ ရွှေကြိုရွေးချယ်ပွဲဒိုင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ထက်ထက်မိုးဦး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!