အသက်အရွယ်မျိုးစုံက ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မင်းသမီးချောလေး ထက်ထက်မိုးဦးက ကြော်ငြာတွေ အများအပြားကို ရိုက်ကူးခဲ့ရလို့ ကြော်ငြာမင်းသမီးလေးလို့တောင် တင်စားခံရသူတစ်ဦးပါ။ ထက်ထက်မိုးဦးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဗီဒီယိုကားတွေလဲ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အများအပြား ရရှိခဲ့သူလေး ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို သိပ်ပြီး မလုပ်ကိုင်တော့ပေမယ့် သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ အားပေးနေကြဆဲ ဖြစ်ပါတယ်။
ထက်ထက်မိုးဦးက လက်ရှိမှာတော့ (၂၀၁၉) ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးအတွက် ရွှေကြိုမောင်မယ် ရွေးချယ်ပွဲ ဒိုင်တစ်ယောက်အဖြစ် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
ထက်ထက်မိုးဦးက ငယ်စဉ်ကတည်းက သူမနဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ရန်အောင်၊ စိုးမြတ်သူဇာ၊ ခန့်စည်သူတို့နဲ့အတူတူ ပြန်လည်ဆုံတွေ့ခဲ့ရလို့ တော်တော်လေး ဝမ်းသာနေတာ ဖြစ်ပါတယ်။
ထက်ထက်မိုးဦးက လွန်ခဲ့တဲ့လပိုင်းက “မာယာရထားမောင်းတဲ့မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီး သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် မကြာခဏ အနားယူနေရတာ ဖြစ်ပါတယ်။
ထက်ထက်မိုးဦးကတော့ ငယ်ငယ်က အလုပ်အတူတူလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆုံတွေ့ခွင့်ရလို့ တော်တော်လေး ပျော်ရွှင်တဲ့ပုံပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး