မင်းသားချော နိုင်းနိုင်းက ချောမောပြီး အပြစ်ဆိုစရာမရှိတဲ့မျက်နှာ၊ ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ နိုင်ငံခြားမင်းသားတစ်ယောက်လို ထင်မှတ်ရသူတစ်ယောက်ပါပဲ။
နိုင်းနိုင်းက ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ခိုင်ဖြစ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နိုင်းနိုင်းက အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ အောင်မြင်မှုအရှိန်အဟုန်ကတော့ လုံးဝကျဆင်းမသွားပါဘူး။
ဒီကနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့ကတော့ နိုင်းနိုင်းရဲ့ သမီးအငယ်ဆုံးလေး Emereece ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းက သူ့ရဲ့ သမီးထွေးလေး မွေးနေ့ကို အခုလိုပဲ မွေးနေ့ဆုတောင်းပေးထားပါတယ်။
” Happy Birthday Emereece. ရဲဘော်၎ မွေးနေ့ပါ… ငယ်ငယ်လေး ကတည်းက ဓာတ်ပုံရိုက်ရင် ဘယ်တော့မှ ကောင်းကောင်း မရိုက်သော Emereece… ပညာတတ်ကြီး ဖြစ်ပြီး လောက ကောင်းကျိုး ပြုနိုင်သော သမီးလေးဖြစ်ပါစေ…” ဆိုပြီး ဆုတောင်းပေးထားပါတယ်။
နိုင်းနိုင်းက လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သားသမီးတွေနဲ့ အချိန်ကုန်ဆုံးပြီး အခုလက်ရှိမှာတော့ ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးတဲ့ “နတ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။
နိုင်းနိုင်းကတော့ သားသမီးလေးယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နိုင်းနိုင်းရဲ့ သမီးငယ်လေး Emereece အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ကြပါဦးနော်။
မိုမိုလေး