လီဆူးတိုင်းရင်းသူလေး ခင်လေးနွယ်က အသက် (၃၀) ကျော်အရွယ် အိမ်ထောင်မရှိသးတဲ့ အပျိုကြီးမမတစ်ယောက် ဖြစ်ပါတယ်။ ခင်လေးနွယ်က တစ်ခေတ်တစ်ခါက ပရိသတ်တွေ သည်းသည်းလှုပ်အားပေးခဲ့ရတဲ့ လီဆူးတိုင်းရင်းသား မင်းသမီးလေးတစ်ယောက် ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုဆိုရင် အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ သူမကို ဒီနေ့ဒီအချိန်ထိ ချစ်ခင်အားပေးဆဲ ဖြစ်ပါတယ်။
ခင်လေးနွယ်က ပြီးခဲ့တဲ့ရက်ပိုင်းက ကော့သောင်းမြို့ရှိ လှိုင်ဂူကျွန်းလေးကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခင်လေးနွယ်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခင်လေးနွယ်က “လူကတော့ ပြန်ရောက်နေပါပြီ။ လှိုင်ဂူကျွန်းက ပုံလေးတွေ အများကြီးကျန်သေးတယ်လို့ ပုံတင်ရင်းနဲ့ ပြန်သွားချင်လာပြီ…😁 နောက်တစ်ခါသွားရင် အချစ်တွေ လိုက်ခဲ့ကြနော်😍😍” ဆိုပြီး ပြောထားပါတယ်။
ခင်လေးနွယ်က အခုဆိုရင် အနုပညာလုပ်ငန်းတွေကို ရပ်နားလိုက်ပြီး စီးပွားရေးလုပ်ငန်းတွေကိုသာ ပိုမိုအာရုံစိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခင်လေးနွယ်က သူမရဲ့ အားလပ်ချိန်တိုင်းကို မိသားစုတွေ သူငယ်ချင်းတွေနဲ့ ခရီးတွေ သွားရင်သာ ကုန်ဆုံးနေလျက်ရှိပါတယ်။
ခင်လေးနွယ်ကတော့ လှိုင်ဂူကျွန်းလေးမှာ တော်တော်လေး ပျော်ရွှင်ခဲ့ပုံပဲနော်။ ပရိသတ်ကြီးလည်း ခင်လေးနွယ်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။