• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

ခင်ပွန်းဟောင်း ဘုဏ်းသိုက် နဲ့ အရင်ကထက်ပိုရင်းနှီးမှုရှိလာတဲ့ ဆက်ဆံရေးကို ပြောလာတဲ့ ချမ်းချမ်း

We Love Cele by We Love Cele
January 30, 2020
in အနုပညာ
0

အဆိုတော် မလေး ချမ်းချမ်း ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်းဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ချမ်းချမ်း နဲ့ သူမရဲ့ ခင်ပွန်းဟောင်း ဘုဏ်းသိုက် နဲ့အရင်ကထက် ပိုရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


ချမ်းချမ်း နဲ့ ဘုဏ်းသိုက် တို့ က ကွာရှင်ထားပြီးသား ဇနီးမောင်နှံ ဆိုတာ ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ မကြာခဏဆိုသလိုလည်း လူမှုကွန်ယက်ပေါ်မှာ အချင်းချင်း စကားများ ကြတာလည်း ရှိပေမယ့် သမီးလေး မြမိုးင်္ဂါ လေးကို တော့ တစ်လှည့်စီး စောင့်ရှာက်လျက်ရှိပါတယ်။ ချမ်းချမ်း နဲ့ ဘုဏ်းသိုက် တို့က သမီးလေး မြမိုးင်္ဂါ ရဲ့ ၆ နှစ်ပြည့် မွေးနေ့ လေးမှာ မိဘစုံစုံလင်လင် နဲ့ သမီးလေး ကို မွေးနေ့မှာ ပျော်ရွှင်စေခဲ့တာ ကြောင့် ပရိသတ်တွေကလည်း ၀မ်းသာကြည်နုးနေကြတာပါ။ဒီတစ်ခါမှာတော့ ချမ်းချမ်း က သူမနဲ့ ခင်ပွန်းဟောင်း ဘုဏ်းသိုက် ရဲ့ ဆက်ဆံ ရေး ကို ခုလိုပဲ သူမရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ဖော်ပြထားတာပါ။


ချမ်းချမ်း က ” သမီး​လေး​ပျော်ေ​နတာမြင်​ရလို့စိတ်​ချမ်းသာတယ်​..သူ့ဘဝမှာသူချစ်​တဲ့သူ​တွေနဲ့​မွေး​နေ့​လေးကိုဖြတ်​သန်းဖို့​ပြောဖူးတယ်​..​ကျောင်းမှာလဲ​မွေး​နေ့လုပ်​..သူချစ်​တဲ့အ​ဖေနဲ့အ​မေကလဲ တဖက်​တလမ်းက​နေ အရာရာလိုက်​ဖြည့်ဆည်း​ပေး​တော့ သူ​ပျော်​​နေရှာတယ်​…သမီးကို​မွေး​နေ့ဆု​တောင်း​ပေးတဲ့ အဖက်​ဖက်​မှ မိတ်​​ဆွေသူငယ်​ချင်းများကိုလဲ​ကျေးဇူးပါ…ဘဝမှာသင်​ခန်းစာ​တေထပ်​တလဲလဲရပီးတဲ့​နောက်​ အရာရာကိုရင်​ဆိုင်​ရဲလာတယ်​…အရင်​က ကိုယ်​​တေနှစ်​​ယောက်​​တွေ့လိုက်​တာနဲ့ အရမ်းရန်​ဖြစ်​ကြ..သတ်​ကြနဲ့..အခုဒီနှစ်​​မွေး​နေ့​လေးမှာသမီး​ပျော်​​အောင်​လုပ်​​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​…​နောက်​လဲသမီးရဲ့​ကျောင်းပွဲ..သမီး​မွေး​နေ့..သမီးဘွဲ့ယူမယ့်​​နေ့​တွေ​ရောက်​လာဦးမယ်​..အဲ့ဒီ့အခါကျရင်​လဲ အခုလိုပဲ သမီး​လေးနားမှာအပြုးံမပျက်​..အခင်​မင်​မပျက်​ မိတ်​​ဆွေ ​တွေအဖြစ်​အမြဲရှိ​ပေး​ဖို့​မျော်​လင့်​ပါတယ်​..အခု​မွေး​နေ့​လေး​တော့သမီး​လေး​ပျော်​သွားပြီ..”

” အလုပ်​နဲ့ကိုယ်​​ရေးကိုယ်​တာခွဲခြားလာနိုင်​တဲ့​နေ့တ​နေ့ကိုထပ်​​ရောက်​လာဦးမယ်​..အလုပ်​​တွေတွဲလုပ်​ဖို့လဲရှိတယ်​..​ရှေ့​လျောက်​လဲ အခုလိုပဲ သမီးအတွက်​ လိုအပ်​ရင်​ရှိ​နေ​ပေးလိုက်​ပါဦး..Beer papa ​ရေ…ရိုးသားစွာမိတ်​​ဆွေ​တွေအဖြစ်​ပြန်​လည်​စကား​ပြောခွင့်​ရှိလာလို့ကိုယ့်​ကိုယ်​ကို​ကျေနပ်​တယ်​..ခံစားချက်​ဆိုတာ ကိုယ်​နဲ့ပဲဆိုင်​ပါတယ်​..ကိုယ့်​ဘက်​က အရာရာကိုအ​လျော့​ပေးနားလည်​လာတဲ့အခါချစ်​ခြင်းမုန်းခြင်းဆိုတာ ခံစားမှုတမျှသာပါ…လူတိုင်းနားလည်​ခံစားနိုင်​ပါ​စေ…အိမ်​​ထောင်​ကွဲသွားတိုင်းတ​ယောက်​နဲ့တ​ယောက်​မုန်း​နေသတ်​​နေကြမယ်​ဆိုတာအဓိပ္ပါယ်​မရှိပါဘူး..အ​ကောင်းဆုးံမိတ်​​ဆွေ​တေအဖြစ်​ဆက်​လက်​ရပ်​တည်​​နေမယ်​ဆိုသားသမီး​တေအတွက်​ အရာရာဟာ​ပျော်​ရွှင်​စရာ ဖြစ်​လာမှာပါ…”လို့ ပြောထားပါတယ်။


အဆိုတော် ချမ်းချမ်း ပြောပြထားတဲ့ သူမ နဲ့ ခင်ပွန်းဟောင်း ဘုဏ်းသိုက် တို့ရဲ့ ပိုရင်းနှီးလာတဲ့ ဆက်ဆံရေးအကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။

Previous Post

ချင်းတောင်တန်းတွေက သိပ်လှတယ်လို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါဆိုတဲ့ နန်းဆုရတီစိုး

Next Post

သားဖြစ်သူကိုမကြည့်ရက်လို့ ရှိသမျှပစ္စည်းတွေထုခွဲရောင်းချပြီး မေသန်းနုကိစ္စကိုဖြေရှင်းပေးနေတယ်ဆိုတဲ့ စင်ရော်မောင်မောင်

Next Post

သားဖြစ်သူကိုမကြည့်ရက်လို့ ရှိသမျှပစ္စည်းတွေထုခွဲရောင်းချပြီး မေသန်းနုကိစ္စကိုဖြေရှင်းပေးနေတယ်ဆိုတဲ့ စင်ရော်မောင်မောင်

လူနဲ့ တိရစ္ဆာန်ကြားက ချစ်ခြင်းမေတ္တာကို အတိုင်းသားတွေ့ရမယ့် ပိုင်ဖြိုးသုရဲ့ ပုံရိပ်များ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!