သရုပ်ဆောင် လင်းဇာနည်ဇော်က သူမတို့ သားအမိ နှစ်ယောက်ရဲ့ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။
လင်းဇာနည်ဇော်ဟာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားတာပါ။ သူမနဲ့ ချွတ်စွပ်တူပြီး သူမလိုပဲ အနုပညာသွေးအပြည့်ပါတဲ့ မြူလင်းကိုကိုက အနုပညာကို ဝါသနာပါလွန်းလို့ အိမ်မှာနေရင်တောင် တစ်ယောက်တည်း သရုပ်ဆောင်ဖြစ်တယ်လို့ ဆိုပါသေးတယ်။ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကိုကို တအားချစ်တဲ့လင်းဇာနည်ဇော်က သမီးလေးပြန်အလာကို ရက်တွက်ပြီး စောင့်နေတတ်တာကိုလည်းတွေ့ရပါတယ်။
မြူလင်းကိုကိုဟာ သြစတြေးလျမှာ သွားရောက်ကျောင်းတက်နေတာဖြစ်ပြီးတော့ မိခင်နဲ့ ခေတ္တခဏ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး မိခင်ဖြစ်သူ ပါဝင်သရုပ်ဆောင်ထားပြီး ဦးလေးဖြစ်သူ ရိုက်ကူးထားတဲ့ မြန်မာပေါကားများရပ် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Carpet Show ကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
သမီးလေးပြန်ရောက်လာလို့ အင်မတန်ကိုပျော်နေတယ်လို့ ထင်ရတဲ့ လင်းဇာနည်ဇော်က သူမတို့ သားအမိ ၂ ဦးကြားက သံယောဇဉ် လေးတွေကို ဓာတ်ပုံလေးနဲ့တကွ ဖော်ပြလာပါတယ်။ သမီးကိုလွမ်းလို့ အမြဲစောင့်မျှော်နေခဲ့ရတဲ့ ရက်တွေကတော့ ကုန်ဆုံးသွားပြီမို့ ဘယ်လောက်ပျော်ရွှင်နေလဲဆိုတာ ပုံလေးတွေကြည့်ရင်း သားအမိ နှစ်ယောက်ရဲ့ သံယောဇဉ်တွေကို ခံစားမိမယ်လို့ မျှော်လင့်ပါတယ်နော်။
Cele Star