သရုပ်ဆောင် သင်ဇာနွယ်ဝင်းက သူမကို ရွေးချယ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ကျေးဇူးအများကြီးတင်တယ်လို့ ဆိုလိုက်ပါတယ်။
လူငယ်ဆန်ဆန် ပေါ့ပါးသွက်လက်စွာနဲ့ အနုပညာလောကထဲကိုရောက်ရှိလာတဲ့ သင်ဇာနွယ်ဝင်းဟာ လူငယ်ပရိသတ်တွေရဲ့ အကြိုက် မင်းသမီးလေးတစ်လက်ဖြစ်ခဲ့ပါတယ်။ သွက်လက်နေတဲ့ သူမရဲ့ အမူအရာတွေကြောင့် ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ MTV သီချင်းပေါင်းများစွာ လက်ခံရိုက်ကူးခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ သင်ဇာနွယ်ဝင်းက လက်ရှိအချိန်မှာ သားသားလေးနဲ့ မီးမီးလေး တစ်ဦးစီကို ပိုင်ဆိုင်ထားပြီး သူမကို တန်ဖိုးထားတဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ ပျော်ရွှင်ဖွယ် မိသားစုလေးကို တည်ဆောက်ထားပါတယ်။
အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားသွားတဲ့ သင်ဇာနွယ်ဝင်းက သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ကို အချိန်ပေးပြီး အိမ်ထောင်ရှင်မကောင်းအဖြစ် ရပ်တည်နေခဲ့ပါတယ်။ သိပ်မကြာသေးခင် အချိန်ကပဲ သူမနဲ့ ချွတ်စွပ်တူတဲ့ သမီးလေးကိုပါ မွေးဖွားနိုင်ခဲ့တာကြောင့် သင်ဇာနွယ်ဝင်းရဲ့ မိသားစုအိပ်မက်တွေက ပြီးပြည့်စုံသလောက်ဖြစ်ခဲ့ရပါပြီ။
သင်ဇာနွယ်ဝင်းနဲ့ စတီဗင်လှတို့ရဲ့ အိမ်ထောင်ရေးသက်တမ်းဟာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာသက်တမ်း ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ (၃) နှစ်ပြည့်နေ့လေးမှာ ခင်ပွန်းဖြစ်သူက သူမကို ရွေးချယ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းပြောလာခဲ့တာပါ။
“ပါပါး မိန်းမကိုရွှေးချယ်ခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ပါပါးကို အရမ်းလည်းချစ်တယ် အရမ်းလည်းတန်ဖိုးထားတယ် သားသားနဲ့ သမီးရဲ့ ဖခင်ကောင်း မိန်းမရဲ့ ခင်ပွန်းကောင်းအမြဲတမ်းဖြစ်ပေးနော်😘 ပါပါးနဲ့အတူတူရှိတဲ့ စက္ကန့်တိုင်းကို မိန်းမအရမ်းတန်ဖိုးထားလို့ အချိန်များများပေးနော် happy 3year anniversary ချစ်ယောကျာ်း😘😘😘😘😘😘😘😘😘” လို့ မင်္ဂလာဆုတောင်းလေးနဲ့ ပြောထားတာတွေ့ရပါတယ်။
Happy 3rd Year Anniversary လေးဖြစ်ပါစေနော်။ သားသား၊ မီးမီးတို့နဲ့အတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ရှေ့လျှောက်ပိုင်ဆိုင်သွားနိုင်ပါစေလို့ Cele Star အဖွဲ့သားများကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Cele Star