• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, January 18, 2021
No Result
View All Result

စိန်လည်ဆွဲ၊ လက်စွပ်တစ်ကွင်းနဲ့ တိုက်ခန်းတစ်ခန်း ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရတဲ့ အေးမြဖြူ

We Love Cele by We Love Cele
February 1, 2020
in အနုပညာ
0

မြန်မာအိုင်ဒေါ Season-4 ရဲ့ ပြိုင်ပွဲဝင်လေး အေးမြဖြူကိုဂုဏ်ပြုလိုက်တဲ့ ဂုဏ်ပြုဆုတွေကြောင့် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

Image may contain: one or more people, people on stage and people standing

ဒီဂုဏ်ပြုပွဲလေးကိုတော့ အေးမြဖြူတက်ခဲ့တဲ့ အမေ့အိမ်ဘော်ဒါဆောင်က ပြုလုပ်ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ အေးမြဖြူဟာ ၂၀၂၀ ခုနှစ်မှ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်လာတာဖြစ်ပါတယ်။ အသက်အငယ်ဆုံး မြန်မာအိုင်ဒေါပြိုင်ပွဲဝင်အဖြစ် သတ်မှတ်ရမယ့် အေးမြဖြူဟာ အရွယ်နဲ့မလိုက်အောင် အသံအားကောင်းသူဖြစ်ပါတယ်။ မြန်မာသံနဲ့ ခေတ်ပေါ်တေးဂီတ သီချင်းတွေကိုပါ သီဆိုနိုင်သူတစ်ဦးဖြစ်တာကြောင့်လည်း မြန်မာနိုင်ငံရဲ့ ပရိသတ်အများစု အားပေးမှုကို ရရှိခဲ့တာပါ။

Image may contain: 4 people, people smiling, people standing and text

Image may contain: one or more people

အမေ့အိမ် ကိုယ်ပိုင်အထက်တန်းကျောင်းက ထူးချွန်သူ အနုပညာရှင်အေးမြဖြူနဲ့ အနုပညာမျိုးဆက်သစ်လေးတွေကို ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ပါတယ်။ ဒီဂုဏ်ပြုပွဲမှာ အေးမြဖြူရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များဖြစ်သော အနုပညာရှင်များရဲ့ ဖျော်ဖြေမှုနဲ့ အေးမြဖြူရဲ့ ဖျော်ဖြေမှုတို့ပါဝင်ခဲ့ပါတယ်။ ပွဲတက်လာတဲ့ ပရိသတ်တွေ အံ့အားသင့်ရလောက်အောင်ဖြစ်ခဲ့တာကတော့ အေးမြဖြူကို ဂုဏ်ပြုခဲ့တဲ့ ဂုဏ်ပြုဆုတွေပဲဖြစ်ပါတယ်။

Image may contain: one or more people and people standing

Image may contain: 3 people, people smiling, people standing

အမေ့အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းက အေးမြဖြူအတွက် ဆွဲကြိုးအပြင် ခရမ်းဆွဲလက်စွပ်တစ်ကွင်း ၊ ငွေစက္ကူ  ၃၈၀၀၀၀ ဖိုးပါတဲ့ ပန်းစည်း တို့ကို ဂုဏ်ပြုခဲ့ပါတယ်။ ၃၈ ဖြာမင်္ဂလာနဲ့ပြည့်စုံနေအောင် ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အေးမြဖြူအတွက် ပထမထပ်တိုက်ခန်းတစ်ခန်းကိုပါ အမေ့အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းက ဂုဏ်ပြုပေးခဲ့တာဖြစ်ပါတယ်။ လေးစားဖို့ကောင်းလှတဲ့ ဆရာ/ဆရာမတွေရဲ့ စိတ်ဓာတ်လေးပဲဖြစ်ပါတယ်။

Image may contain: 2 people

Image may contain: 3 people, people smiling, people standing and text

Image may contain: 1 person

ပညာရေးမှာသာမက အနုပညာမှာပါ ထူးချွန်လွန်းတဲ့ အေးမြဖြူတစ်ယောက် အနုပညာလမ်းပေါ်မှာ ပိုမိုအောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ပါစေနော်။

Cele Star

Previous Post

၂၀၁၉ ခုနှစ်အတွက် ရေပန်းအစားဆုံး မျက်နှာသစ်ဆုကို Ethernal Gosh က ရရှိ

Next Post

အကယ်၍ လက်ထပ်ဖြစ်ခဲ့ကြရင် သီချင်းနဲ့ City FM က ပေးတဲ့ဆုကို ရရှိခဲ့တဲ့ G Fatt

Next Post

အကယ်၍ လက်ထပ်ဖြစ်ခဲ့ကြရင် သီချင်းနဲ့ City FM က ပေးတဲ့ဆုကို ရရှိခဲ့တဲ့ G Fatt

ရောင်းအားအကောင်းဆုံး စတူဒီယိုတေးထုတ်လုပ်သူ ဆုရရှိခဲ့တဲ့ ဇဏ်ခီ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!