ဖိလစ်ပိုင်လူမျိုး Catwalk မော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Loresca က မြန်မာနိုင်ငံကို ပထမဦးဆုံး စတင်ရောက်ရှိစဉ်ကတည်းက ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရင်း မြန်မာပရိသတ် အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ Sinon Loresca က အခုဆိုရင် မြန်မာနိုင်ငံကို ဒုတိယမြောက် ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး သူဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေနဲ့ အလှူအတန်းတွေများစွာကို လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပါတယ်။
LGBT တစ်ယောက်ဖြစ်ပြီး Gay တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ Sinon Loresca က မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ LGBT တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကို သတိထားမိခဲ့တာကို တွေ့ရပါတယ်။
Sinon Loresca က ဥက္ကာမင်းမောင်တို့ စုံတွဲပုံလေးကိုတွေ့ပြီး Instagram Account ကနေပြီး သွားရောက် Follow လုပ်ခဲ့တယ်လို့ သိရပါတယ်။
Sinon Loresca လို ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်က သူ့ကို သတိထားမိပြီး ဂရုတစိုက်ရှိတဲ့အတွက် ဥက္ကာမင်းမောင်က တော်တော်လေး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။
Sinon Loresca နဲ့ ဥက္ကာမင်းမောင်တို့က လိင်တူချစ်သူများအဖြစ် ပရိသတ်တွေကို ချပြထားသူများ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး