စိုင်းလွှမ်းကတော့ သမီးလေး စစ်လွန်းဝတီထက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ညစာစားခဲ့တာ တွေ့ရပါတယ်။
ဖခင်ရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ စစ်လွန်းဝတီထက်က အဖေရဲ့ တစ်ဦးတည်းသော ချစ်သမီးလေးဖြစ်ခဲ့ပါတယ်။ မကြာသေးခင်က ပြီးဆုံးသွားတဲ့ သူမရဲ့ မွေးနေ့ပွဲလေးကိုလည်း ဖခင်ဖြစ်သူက ကျောင်းထိသွားရောက်ပြီး သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲလေးပြုလုပ်ပေးခဲ့တာပါ။
စစ်လွန်းဝတီထက်က လက်ရှိမှာ MISY ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ မိသားစုအဆင်မပြေမှုကြောင့် မိခင်နဲ့ ခွဲခွာနေနေရပေမယ့် ဖခင်ရဲ့ အဖေလို၊ အမေလို စောင့်ရှောက်ပြီး မေတ္တာပေးမှုတွေအောက်မှာ ကြီးပြင်းရှင်သန်နေရတာဖြစ်ပါတယ်။
တစ်ဦးတည်းသော သမီးလေးဖြစ်တာကြောင့် ဖခင်ဖြစ်သူရဲ့ အချစ်တွေ အကုန်ရရှိထားတာပါ။ စိုင်းလွှမ်းက သမီးလေး စစ်လွန်းဝတီထက်နဲ့အတူ ညစာစားခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်။
တနေ့တခြား ပိုပို ချစ်ဖို့ကောင်းပြီး ချောလာတဲ့ စစ်လွန်းဝတီထက်တစ်ယောက် ဖခင်ဖြစ်သူနဲ့အတူ ညစာစားသောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
Cele Star