နိုင်ငံကျော် ပြည်သူချစ်စုံတွဲလေးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer ဟာ မအောင်မြင်ခင်ကတည်းက တစ်ယောက်ကိုတစ်ယောက် ဖေးမလာခဲ့တာ အခုဆိုရင် ချစ်သူသက်တမ်း (၁၀) နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer ရဲ့ သီချင်းတွေသာမက သူတို့နှစ်ယောက်ရဲ့ တည်ငြိမ်အေးချမ်းတဲ့ အချစ်ရေးလေးကလည်း ပရိသတ်တွေကို အားကျစေတာ ဖြစ်ပါတယ်။ ပရိသတ်တွေက သူတို့အတွဲလေးကို နတ်ဖက်တဲ့စုံတွဲလေးလို့တောင် တင်စားကြတာ ဖြစ်ပါတယ်။
ထိုသီချင်း MV မှာ လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း မျက်ရည်တွေကျလာခဲ့တာကို ပရိသတ်ကြီးလည်း တွေ့ကြမှာပါ။ ထိုအခန်းဟာ ဇာတ်ညွှန်းထဲမှာမပါ၊ ဒါရိုက်တာကလည်း အိုက်တင်လုပ်ခိုင်းထားတာလည်း မဟုတ်ဘူးလို့ သိရပါတယ်။

ထိုအကြောင်းကို အဆိုတော် Ar-T က ” အိုက်တင်မဟုတ်ပါဘူးနော်။ ဇာတ်လမ်းလည်း မပါပါဘူးနော်။ တစ်ယောက်ကိုတစ်ယောက် စကားမပြောခိုင်းပဲ (၄)မိနစ်တိတိ စိုက်ကြည့်ခိုင်းရာက ဖြစ်လာတဲ့ Mood၊ Expression ကို ယူထားတာပါနော်” ဆိုပြီး ပြောပြထားပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ Expression ကတော့ ကြည့်ရှုသူ ပရိသတ်ကိုပါ မျက်ရည်ကျစေတာအမှန်ပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး