ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ ညီမဖြစ်သူ ဒေါက်တာမလေး နိုင်ဖြိုးဥ ကို ပရိသတ်တွေ သိလောက်မယ် ထင်ပါတယ်။ သူမက လက်ရှိ New York မှာ နေထိုင်နေသူလေးပါ။ အစ်မဖြစ်သူ ပိုင်းဖြိုးသု တို့ရဲ့ မင်္ဂလာပွဲမှာ အစ်မကို အရမ်းချစ်ရတဲ့ အကြောင်းအများရှေ့မှာ ပြောခဲ့တာကြောင့် ပရိသတ်တွေကြားမှာ အတော်လေး နာမည်ကြီးခဲ့ပါသေးတယ်။
နိုင်ဖြိုးဥ က သူ့ရဲ့ ချစ်ရတဲ့ အစ်မ တို့ဇနီးမောင်နှံ ရဲ့ ရိုမန့်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်တွေ မကြာမကြာ မျှဝေနေတာကြောင့် အစ်မဖြစ်သူ တို့ကို သူ့ရဲ့ ဖေ့စ်ဘွတ်က Block တော့မယ်လို့ ခုလို ကျီစယ်ထားပါတယ်။
နိုင်ဖြိုးဥ က ” ညည်းတို့ ချစ်ပြ roပြလို့ပြီးဦးမှာလားဒီတစ်သက်😒ခုခေတ်အတွဲတွေများ🙄ငါ block မိတော့မယ်နှစ်ယောက်လုံး😡” လို့ ပြောထားပါတယ်။
ပိုင်ဖြိုးသု ဖိနပ်ချွတ်မရလို့ ဒါရိုက်တာ ဏကြီးက ကူချွတ်ပေးရတယ် ဆိုတဲ့ Post ကြောင့် ခုလို ကျီစယ်ထားတာပါ။
ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသု တို့ ညီအစ်မ နှစ်ယောက် ရဲ့ အကြောင်းကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
မိုမိုလေး