နိုင်ငံကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်ဖြိုးသုက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်သူလေးတစ်ယောက် ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက သရုပ်ဆောင်ထူးချွန်သူတစ်ယောက်ဖြစ်ပြီး ချစ်စရာလည်း ကောင်းတာကြောင့် အနုပညာအသိုင်းအဝိုင်းမှာ လူချစ်လူခင်ပေါများသူလေးတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိမ်ထောင်ကျပြီးမှ ပိုလှလာတဲ့ ပိုင်ဖြိုးသုကို စိတ်ဝင်တစား အားပေးကြပါတယ်။
လူလေးလှသလို နှလုံးသားလေးလည်း နုနယ်တဲ့ ပိုင်ဖြိုးသုက ဒီတစ်ခေါက်မှာလည်း အဆိုတော် လွှမ်းပိုင်ကြောင့် မျက်ရည်ကျခဲ့ရကြောင်းကို အခုလိုပဲ အမှတ်တရ ပြောထားပါတယ်။
ပိုင်ဖြိုးသုက လွှမ်းပိုင် နဲ့ Bobby Soxer သရုပ်ဆောင်ထားတဲ့ Ar-T ရဲ့ “မျက်ရည်မကျကြေး” သီချင်းလေးနားထောင်ပြီး ” လူကြားသူကြားထဲ လွှမ်းပိုင်ကြီးလည်းငိုရော ကိုယ်လည်းမျက်ရည်တွေရောနှပ်တွေပါထွက်ငိုတော့တာ 😭 အိုင်အဆင်ပြေမနေပါဘူးနော်ယူ 😬” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။
Ar-T ရဲ့ “မျက်ရည်မကျကြေး” သီချင်းလေးမှာ တကယ့်စုံတွဲအစစ်လေးတွေနဲ့ ရိုက်ကူးထားဖြစ်ပြီး လွှမ်းပိုင်နဲ့ Bobby Soxer ရဲ့ သရုပ်ဆောင်ချက်ကတော့ ကြည့်ရှုသူ ပရိသတ်တွေကိုပါ မျက်ရည်ကျစေခဲ့တာ ဖြစ်ပါတယ်။
ပိုင်ဖြိုးသုကတော့ နှလုံးငယ်သူပီပီ လွှမ်းပိုင်ရဲ့ သရုပ်ဆောင်ချက်ကိုကြည့်ပြီး မျက်ရည်ကျခဲ့ရကြောင်း ရိုးရိုးသားသား ဝန်ခံထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး