• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, January 16, 2021
No Result
View All Result

ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်း အဓိဌာန်ဝင်မယ့် အယောက် (၁၅၀၀) ကို Mask တွေပါလှူသွားမယ့် စမိုင်းလ်

We Love Cele by We Love Cele
February 3, 2020
in အနုပညာ
0

သရုပ်ဆောင် စမိုင်းလ်က သူမနဲ့အတူ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ဝင်မယ့်သူ အယောက် (၁၅၀၀) အတွက် နှာခေါင်းစီး Mask တွေလှူသွားမယ်လို့သိရပါတယ်။

Image may contain: 4 people, people smiling, people standing

No photo description available.

စမိုင်းလ်က ရွှေတိဂုံ-ကျိုက်ထီးရိုး မနက်သွား ညပြန် ကက်ကင်းအဓိဌာန်လေးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လူပေါင်း (၁၅၀၀) အတွက် ကုသိုလ်ယူနိုင်အောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။ စမိုင်းလ်ဟာ သူကိုယ်တိုင် ဘုရားတရားလုပ်ရုံတင်မက သူမရဲ့ ပရိသတ်တွေကိုပါ ဘာသာတရားမမေ့လျော့အောင် စွမ်းဆောင်နိုင်သူပါ။ သူမကိုယ်တိုင်ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ ကျိုက်ငါးကျိုက်၊ ညောင်ဆယ်ပင် အဓိဌာန်တွေဟာ လူပေါင်းထောင်ကျော်ပါဝင်ခဲ့တဲ့ အဓိဌာန်တွေပဲဖြစ်ပါတယ်။

Image may contain: 4 people, people standing, wedding, child and outdoor

Image may contain: one or more people, people standing and outdoor

ယခု ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်အတွက်လည်း လူပေါင်း (၁၅၀၀) စာကို အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး မေတ္တာနဲ့ ကူညီဆောင်ရွက်စီစဉ်နေတာဖြစ်ပါတယ်။

No photo description available.

Image may contain: 2 people

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားလာနေတာကြောင့် လူထူထပ်တဲ့နေရာတွေမှာ အကာအကွယ်ရနိုင်ဖို့အတွက် လူပေါင်း (၁၅၀၀) စာအတွက်ကို Mask တွေ ဝေငှလှူဒါန်းသွားမယ်လို့သိရပါတယ်။ အဲ့အတွက်ကြောင့် စမိုင်းလ်က Mask ပေါင်း ၁၅၀၀ ကို မှာယူလို့ရနိုင်မယ့် ဆိုင်လေးကိုပါ မေးမြန်းစုံစမ်းနေတာဖြစ်ပါတယ်။

Image result for face mask medical at shop

Image may contain: 6 people, people smiling, indoor

ပရိသတ်ကြီးထဲမှာလည်း Mask ပေါင်း ၁၅၀၀ ကိုအလွယ်တကူဝယ်ယူရရှိနိုင်မယ့် နေရာများရှိရင် ကုသိုလ်ရေးအတွက်တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်အောင် ဝေမျှသွားပေးကြပါဦးနော်။

Image may contain: 2 people, people smiling, indoor

Cele Star

Previous Post

မင်းသမီးတစ်ယောက်ရဲ့ သမီးတွေက မြန်မာကားမကြည့်ဘူးဆိုတဲ့ ပရိသတ်တစ်ယောက်ရဲ့ ဝေဖန်မှုကို တုံ့ပြန်လိုက်တဲ့ နန္ဒာလှိုင်

Next Post

ညီမလေးတွေကို ချစ်သူမထားစေချင်သေးဘူးဆိုတဲ့ ဝါဆိုမိုးဦး

Next Post

ညီမလေးတွေကို ချစ်သူမထားစေချင်သေးဘူးဆိုတဲ့ ဝါဆိုမိုးဦး

ထိုင်းနိုင်ငံရဲ့ အကြီးဆုံးမီဒီယာကုမ္ပဏီကြီးမှာ အောင်မြင်သောအထင်ကရမိသားစုပရိုဂရမ်ရိုက်ကူးမယ့် စည်ဖြိုးတို့သားအမိ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!