• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, April 12, 2021
No Result
View All Result

ညီမလေးတွေကို ချစ်သူမထားစေချင်သေးဘူးဆိုတဲ့ ဝါဆိုမိုးဦး

We Love Cele by We Love Cele
February 3, 2020
in အနုပညာ
0

အစ်မတစ်ယောက်အနေနဲ့ သူတို့ကို ပညာရေးပဲဦးစားပေးစေချင်တယ်။ဝါဆိုမိုးဦးကတော့ ညီမလေးတွေကို ပညာရေးဘက်မှာပဲ ပိုပြီးတော့ အာရုံစိုက်စေချင်တဲ့အကြောင်းပြောလာပါတယ်။ အစ်မ တစ်ယောက်အနေနဲ့ ညီမတွေရဲ့ အချစ်ရေးအပေါ် အခုလို ဖွင့်ပြောလာခဲ့ပါတယ်။

ဝါဆိုမိုးဦးကတော့ ညီမလေးတွေရဲ့ အချစ်ရေးအပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ အသက်ငယ်ကြသေးတဲ့ ညီမလေးတွေဖြစ်လို့ ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ညီမလေးတွေက ငယ်ပါသေးတယ်။ အခုချိန်မှာ သူတို့ကို ပိုးတာ၊ ပန်းတာရှိတယ်ဆို တာမျိုးတော့ ပြောသံမကြားသေးဘူး။ သူတို့ကို ရည်းစားမထားခိုင်းသေးဘူး။ ကျောင်းလည်း မပြီးကြသေးဘူး ကျောင်းတက်နေကြတုန်းဆိုတော့ စာကိုပဲ လုပ်စေချင်တယ်။ အခုလည်း ညီမလေးက အနုပညာကို ဝါသနာပါတဲ့သူဆိုတော့ သူပျော်သလောက် ပေးလုပ်ထားပါတယ်” လို့ သူကဆိုပါတယ်။

ဝါဆိုမိုးဦးရဲ့ ညီမ အငယ်ဆုံးလေး သဉ္ဇာကိုလည်း ပရိသတ်တွေ သိကြမှာပါ။ သူကလည်း အခုချိန်မှာ ချစ်သူ မရှိသေးပါဘူးတဲ့။ ဒါပေမယ့် အစ်မဖြစ်သူ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကတော့ တကယ်ကို ကြည်နူးစရာကောင်းတယ်လို့ ဆိုပါတယ်။

Image may contain: 4 people, people standing and shoes

“ သူတို့ နှစ်ယောက်ကို ကြည့်ပြီးတော့ အားလည်း အားကျတယ်၊ ကြည်နူးဖို့လည်းကောင်းတယ်။ တစ်ခါတလေကျရင် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ရုပ်ရှင်ထဲကလိုပဲ တကယ်ကို ကြည်နူးစရာကောင်းပါတယ်။ ပြီးတော့ ချစ်သူတွေဆိုတာကလည်း အမြဲတည့်နေတာမျိုးမဟုတ်ဘူးလေ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လေးက သဘောကျဖို့ကောင်းပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က City FM ၁၈ နှစ်ပြည့် ဂီတဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Image may contain: 5 people, people smiling

Image may contain: 3 people, people smiling, people sitting

ဝါဆိုမိုးဦးကတော့ သရုပ်ဆောင်အလုပ်ကို ငယ်ငယ်လေးကတည်းက လုပ်ဆောင်လာတဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့သူပါ။ လက်ရှိမှာလည်း အနုပညာလောကထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ညီမငယ်လေး သင်ဇာ ကိုလည်း အနုပညာအလုပ်တွေ သင်ကြားပေးနေတာ တွေ့ရပါတယ်။ ဝါဆိုမိုးဦးဟာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Image may contain: 3 people, people smiling, people standing and outdoor

Image may contain: 3 people, people smiling, people standing and stripes

ဆယ်လီရပ်ကွက်

Previous Post

ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်း အဓိဌာန်ဝင်မယ့် အယောက် (၁၅၀၀) ကို Mask တွေပါလှူသွားမယ့် စမိုင်းလ်

Next Post

ထိုင်းနိုင်ငံရဲ့ အကြီးဆုံးမီဒီယာကုမ္ပဏီကြီးမှာ အောင်မြင်သောအထင်ကရမိသားစုပရိုဂရမ်ရိုက်ကူးမယ့် စည်ဖြိုးတို့သားအမိ

Next Post

ထိုင်းနိုင်ငံရဲ့ အကြီးဆုံးမီဒီယာကုမ္ပဏီကြီးမှာ အောင်မြင်သောအထင်ကရမိသားစုပရိုဂရမ်ရိုက်ကူးမယ့် စည်ဖြိုးတို့သားအမိ

ကျေးဇူးရှိခဲ့သမျှ ကျေးဇူးရှင်တွေကို လုံးဝမေ့မှာမဟုတ်ဘူးဆိုတဲ့ မိုးအောင်ရင်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!