ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေက အောင်မြင်မှုလမ်းမမှာ ကိုယ်စီလျှောက်လှမ်းနေကြသူများ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာမှ နှစ်ယောက်တွဲပြီး ပိုလို့တောင် အောင်မြင်လာတယ်လို့ ဆိုနိုင်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ အနုပညာတွေသာမက ချစ်စရာကောင်းပြီး နွေးထွေးတဲ့ မိသားစုလေးကို ချစ်ခင်အားပေးကြပါတယ်။
ဒီနေ့မှာတော့ လင်းလင်းနဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်က မေမေချစ်သုဝေ မနာလိုဖြစ်အောင် သီချင်းတွေဆိုပြီး ခုန်ပေါက်ဆော့ကစားနေတာကို တွေ့ရပါတယ်။
ဖေဖေလင်းလင်းက စင်္ကာပူကိုရောက်နေတဲ့ မေမေချစ်သုဝေ မနာလိုဖြစ်ရအောင် “စူပါတနင်္လာ ပုံရိပ်များနှင့် မြူးဇစ်တိုင်းမ် 🤘🏼🤘🏼🤘🏼 စင်္ကာပူကမေမေရေ ကြွေစမ်းကွာ :))))” ဆိုပြီး စနောက်ထားပါသေးတယ်။
မေမေချစ်သုဝေကလည်း အားကျမခံ “တခါတလေပျော်ရတာများ စာလာဖွဲ့နေသေး..hoon.. ဒါမျိုးတွေက အချိန်တိုင်း မေနဲ့လုပ်နေကျ😔🤨 လွမ်းနေရတာကို ဦးစိတ်ပုတ် post တင်လိုက် viber ကနေ ပို့လိုက်နဲ့.. နာမည်ပြောင်းလိုက်တော့ ဖေပူးပုတ်😣😤” ဆိုပြီး စိတ်ကောက်နေတာကို တွေ့ရပါတယ်။
ခေတ်နဲ့သစ်ကတော့ မေမေမရှိလည်း အလိုလိုက် ဂရုစိုက်တဲ့ ဖေဖေကြောင့် ပျင်းရမှာတောင် မဟုတ်ဘူးနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ လင်းလင်းနဲ့ သမီးတွေရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
မိုမိုလေး