• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

ဝေဠုကျော်နဲ့ အသံဖိုင် စစ်ဆေးမှုအခြေအနေ ဇာတ်ရှိန်ကောင်းလာပြီ လို့ သင်းသင်း ပြော

We Love Cele by We Love Cele
February 4, 2020
in အနုပညာ
0

ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းများမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံ အသံဖိုင်များကို စစ်ဆေးလျက်ရှိပါတယ်။အဆိုပါ အသံဖိုင်များစွာကို စစ်ဆေးခဲ့ရာမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ရုံးချိန်း စစ်ဆေးမှုမှာတော့ ဝေဠုကျော်နဲ့ သင်းသင်းတို့ နှစ်ဦးရဲ့ ပြဿနာတက်ကြတဲ့ အသံဖိုင်နေရာကို ရောက်နေပြီလို့ သင်းသင်းက ပြောပါတယ်။

Image may contain: 1 person

“အခြေအနေကတော့ အရင်ထက်စာရင်တော့ နီးကပ်လာပြီ။ ဒီနေ့ စစ်ဆေးတာတော့ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်တွေ ကောင်းလာပြီ။ ပြဿနာတက်တဲ့ နေရာကို ရောက်နေပြီ။ လောလောဆယ်တော့ ကျမတို့ နှစ်ယောက်ရဲ့အသံတွေပဲပေါ့”လို့ တရားလိုဖြစ်သူ သင်းသင်းက ပြောပါတယ်။

Image result for Wai Lu Kyaw and Thin Thin

လက်ရှိမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံ အသံဖိုင်များကိုသာ စစ်ဆေးနေဆဲ ကာလဖြစ်ပြီး နောက်ရုံးချိန်းများ သိပ်မကြာခင်မှာ ပြီးစီးတော့မှာဖြစ်တယ်လို့ သိရပါတယ်။“အခုအချိန်မှာတော့ ကျမဘက်က သက်သေတွေပဲ ရှိသေးတယ်။ ကျမဘက်ကတော့ နောက် ၂ ချိန်း၊ ၃ ချိန်းဆို ပြတ်ပါပြီ”လို့ သင်းသင်းက ပြောပါတယ်။

Related image

သင်းသင်းအနေနဲ့လည်း ဒီအမှုကို ရင်ဆိုင်တာဟာ တဖက်လူအပေါ် နစ်နာစေရန် ဆန္ဒ မရှိဘဲ အမှန်တရားတခုအတွက်သာ ရင်ဆိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။“မျှော်လင့်ချက်ဆိုတာတော့ အမှန်တရားတခုပါ။ သက်သေဆိုလို့ ဒါလေးတွေပဲ ရှိတာဆိုတော့ အားဖြစ်ရမယ့်ဟာက ဒါလေးပဲ ရှိတာဆိုတော့။ နစ်နာဖို့အတွက်တော့ မဟုတ်ပါဘူး။ ကိုယ်က မိန်းကလေးတယောက်အနေနဲ့ နစ်နာတာကို အမှန်တရားလေးတခု ဖြစ်ရင် ရပါပြီ”လို့ သင်းသင်းက ပြောပါတယ်။

Related image

နောက်တပတ် ရုံးချိန်းမှာလည်း တရားလိုဖြစ်သူ သင်းသင်းဘက်မှ သက်သေခံ အသံဖိုင်များကိုသာ ဆက်လက် စစ်ဆေးသွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

Related image

အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ သင်းသင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။

ဧရာဝတီ

Previous Post

သမီးဖြစ်သူကို နာမည်ဖျက်နေတဲ့ မီဒီယာ လွန်လာရင် တရားစွဲမယ်လို့ သတိပေးလိုက်တဲ့ မောင်ချို့မိခင်

Next Post

ရင်ခွင်မဲ့က​လေးငယ်များဆီ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး မေတ္တာတွေပေးခဲ့တဲ့ နေတိုး

Next Post

ရင်ခွင်မဲ့က​လေးငယ်များဆီ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး မေတ္တာတွေပေးခဲ့တဲ့ နေတိုး

မိန်းကလေး ပရိသတ်တွေ မနာလိုချင်လောက်အောင် အောင်ရဲလင်း နဲ့ အတွဲပုံလေးတင်လိုက်တဲ့ မထက်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!