မြန်မာအိုင်ဒေါ Season-1 ကစတင်ပြီး ယခု ပြီးဆုံးခဲ့တဲ့ Season-4 အထိ ပြိုင်ပွဲဝင်အားလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ စုစည်းပြီး တွေ့လိုက်ရတာဖြစ်ပါတယ်။
မြန်မာအိုင်ဒေါ ပြိုင်ပွဲဟာ လက်ရှိ မြန်မာနိုင်ငံက သီချင်းဆိုပြိုင်ပွဲအတော်များများထဲက ပရိသတ်စိတ်ဝင်စားမှုအများဆုံးလို့ ဆိုရမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ Season-1 ကနေ စတင်ကျင်းပလာခဲ့တာ Season-4 ထိရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဝင်းနားဆုရရှိဖို့တင်မက Bottom -3 မှာ မထိုင်ရဖို့အတွက် ကိုယ့် ပရိသတ်တွေကို ဗုတ်တင်ပေးဖို့ လှုံ့ဆော်ရတာကြောင့်လည်း ပရိသတ်တွေ ပါဝင်လာနိုင်တဲ့ အစီအစဉ်တစ်ခုဖြစ်လာခဲ့တာပါ။
ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တွေ အားလုံးနီးပါးတွေ့ဆုံခွင့်ရခဲ့တဲ့ပွဲလေးတစ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲကတော့ MMID Music Concert 2020 ပွဲဖြစ်ပြီး ဒီပွဲလေးမှာ ဝင်းနားတွေအပြင် ယခင်ပြိုင်ပွဲတွေက ပြိုင်ပွဲဝင်ဟောင်းတွေပါ အများအပြားလာရောက်ခဲ့ကြတဲ့ ပွဲမို့ ပြိုင်ပွဲဝင်မောင်နှမတွေ တစုတစည်းတည်း ဆုံဆည်းခွင့်ရခဲ့တဲ့ ပွဲလေးပဲဖြစ်ပါတယ်။
ဒီပွဲက ပုံရိပ်လေးတွေကို ပြိုင်ပွဲဝင်ဟောင်း စွမ်းပြည့်အောင်က နှစ်တိုင်း ပြန်ကြည့်နိုင်အောင် အမှတ်တရအနေနဲ့ မျှဝေလာခဲ့ပါတယ်။
Season-4 ဝင်းနား အက်စတာနဲ့ အေးမြဖြူတို့အပြင် ပြိုင်ပွဲဝင်ဟောင်းတွေဖြစ်ကြတဲ့ စွမ်းပြည့်အောင်၊ ငွေဇင်လှိုင်းတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေပါ။
Season-2 ရဲ့ ဝင်းနား ကိုသားငယ်ကလည်း ဒီပွဲလေးကို အရောက်လာခဲ့ပါတယ်နော်
ကဲ….မောင်နှမတွေ စုံစုံညီညီ ဒီလို နေ့လေးတွေက ဘယ်တော့မှ မမေ့နိုင်တော့တဲ့ နေ့စွဲလေးတွေဆိုလည်း အမှန်ပဲဖြစ်လိမ့်မယ်နာ်။
Season-1 က ဝင်းနားလေး ပရိသတ်အချစ်တော် စောလားထော်ဝါးလေးပါ
အက်စတာလေး ဘယ်လိုမျက်နှာပြောင်နေတာလဲ ကြည့်…
ဒီလိုပြိုင်ပွဲဝင်မောင်နှမတွေ တစုတစည်းတည်း ဆုံတွေ့ခွင့်ရတဲ့ ညလေးက အပျော်ရွှင်ရဆုံးနဲ့ အမှတ်တရဖြစ်မယ့် နေ့လေးတွေ ဖြစ်မယ်ထင်တယ်နော်။ ပရိသတ်ကြီးအတွက်လည်း ဒီထဲမှာ ကိုယ်အားပေးသူတွေပါရင် အားပေးလို့ရအောင် ဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
Cele Star