ဝိုင်းစုခိုင်သိန်းကတော့ တန်ဖိုးမြင့် မာစီးဒီးကားသစ်တစ်စီးကို ဝယ်ယူလိုက်ပါတယ်။
သူမက မကြာသေးခင်ကမှ နွားကျောင်းသူ တစ်ကိုယ်တော် သီချင်းခွေထွက်ရှိခဲ့တာပါ။ ထိုခွေနဲ့ပဲ City FM ကပေးတဲ့ ဆုကို ရရှိခဲ့ပြန်ပါသေးတယ်။ ဝိုင်းစုခိုင်သိန်းဟာ ဂီတလောကမှာ သူမ နှစ် အတော်များများကို ပိုင်ဆိုင်ခဲ့တာ တွေ့ရမှာပါ။ ဂီတနဲ့ပတ်သက်တဲ့ ပွဲတိုင်းမှာ ပေးတဲ့ဆုအတော်များများကိုလည်း အမြဲလိုလို ရရှိခဲ့တာ လွန်ခဲ့တဲ့ နှစ်များစွာထဲကနေ ယနေ့တိုင်ပဲဖြစ်ပါတယ်။
တစ်ကိုယ်တော် ခွေထွက်ရှိလာရင်လည်း ပရိသတ်တွေ အားပေးလက်ခံပြီး ကြိုက်နှစ်သက်တဲ့ သီချင်းတွေပဲဖြစ်တာကြောင့် ဝိုင်းစုခိုင်သိန်းဆိုတဲ့ နာမည်တစ်လုံးက ဂီတလောကမှာ ရှင်သန်လျက်ရှိနေဆဲပါပဲ။
ဝိုင်းစုဟာ City FM ကပေးတဲ့ ဆုကို နွားကျောင်းသူအခွေနဲ့ ပူပူနွေးနွေးရရှိထားတဲ့ ဆုရှင်ပဲဖြစ်ပါတယ်။ သူမဆုရခဲ့တဲ့အတွက်ကြောင့် မိခင်ဖြစ်သူနဲ့ ချစ်ရသူ အောင်လတို့ကို ကျေးဇူးတင်စကားဆိုထားတာကိုလည်းတွေ့ရပါတယ်။
ဒီနေ့မှာတော့ ဝိုင်းစုခိုင်သိန်းက သူမရဲ့ New Baby အသစ်လေးကို ပိုင်ဆိုင်ရရှိသွားတာတွေ့ရပါတယ်။ အဲ့ဒါကတော့ တန်ဖိုးကြီးမာစီးဒီးကားသစ်တစ်စီးပဲဖြစ်ပါတယ်။ မာစီးဒီးကားတွေဟာ သာမန်ကားတွေရဲ့ ဈေးနှုန်းနဲ့မတူဘဲ ကျပ် သိန်း ၄/၅ ရာ ပတ်ဝန်းကျင်မှ စပြီး ထောင်ကျော်ထိ ရှိတတ်ပါတယ်။ ဒီလိုကားကောင်း ကားသစ်ကြီးကို သူမကတော့ Welcome my babe ဆိုပြီး ကြိုဆိုလိုက်တာ တွေ့ရပါတယ်။
သူမရဲ့ပို့စ်အောက်မှာတော့ အနုပညာမောင်နှမတွေက ကားသစ်ဖွင့်ပွဲလုပ်ပေးဖို့ စနောက်ပြီး ကောမန့်တွေပေးထားတာဖြစ်ပါတယ်။ ကားသစ်ကြီးပိုင်ဆိုင်သွားတဲ့ ဝိုင်းစုခိုင်သိန်း သူမအိပ်မက်တွေ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အနုပညာလမ်းခရီးဖြောင့်ဖြူးသာယာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Cele Star