ခေတ်နဲ့သစ်တို့ရဲ့ မေမေ ထရီဇာလေးကတော့ သမီးလေးတွေကို လွမ်းခဲ့သမျှ အတိုးချအချစ်တွေပေးပြီး ချစ်နေပါပြီ။
မေမေထရီဇာက သူမရဲ့ မိခင်ခွဲစိတ်ကုသဖို့အတွက် စင်ကာပူမှာ ရက်ပိုင်းသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် သမီးလေးတွေနဲ့ ခဏတာခွဲရပေမယ့် သမီးလေးတွေကို တအားလွမ်းနေတဲ့အကြောင်း အဝေးရောက်နေတုန်းမှာ ဆိုပါတယ်။
ဖခင်ဖြစ်သူ လင်းလင်းကတော့ သမီးလေးတွေကို ထိန်းကျောင်းရင်းနဲ့ မြန်မာနိုင်ငံမှာ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကြောင့် မေမေချစ်သုဝေတစ်ယောက် တိုးလို့ အလွမ်းတွေပိုလာရပါတယ်။
သမီးလေး နှစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားပြီး ကြွားတတ်လွန်းတဲ့ ဖေဖေလင်းလင်းကြောင့် ခရီးရောက်နေတဲ့ ချစ်သုဝေတစ်ယောက် သဝန်တွေတိုနေခဲ့ရတာပါ။ ခရီးကပြန်ရောက်ရောက်ချင်းမှာတော့ သမီးလေးနှစ်ယောက်နဲ့အတူ ဆင်တူဆံပင်ကေလေးတွေညှပ်ပြီး ဖေဖေလင်းလင်းကို အားကျမခံ ပြန်ကြွားခဲ့ပါတယ်။
လင်းလင်းက ဆင်တူဆံပင်ကေလေးတွေညှပ်ထားတဲ့ သူ့ရဲ့ အချစ်လေး (၃) ယောက်ကိုကြည့်ပြီး နောက်နေ့မှာ သူတို့နဲ့ ဆံပင်ကေအတူညှပ်မယ်လို့ ယခုလိုပဲ ရည်မှန်းချက်ထားလိုက်တယ်လို့ ဆိုလာပါတယ်။
“ဆံပင်ညှပ်ထားတဲ့ ကျွန်တော့် ဘဝ, ကျွန်တော့် အချစ်ကလေးများ နောက်နေ့ရည်မှန်းချက် – ပျင်းလို့မရိတ်ဘဲထားတဲ့ မုတ်ဆိတ်တွေရိတ်ပြီး နောက်နေ့သူတို့ကေ သွားညှပ်မယ် Luv u all,, miss u all ❤️💕👨👩👧👧💕❤️”
ဖေဖေလင်းလင်းဟာ သမီးလေး နှစ်ယောက်နဲ့အတူ ဆံပင်ကေဆင်တူ တစ်ခါ ညှပ်ခဲ့ဖူးပါတယ်။ ဒီတခေါက်ကတော့ လင်းလင်းတို့မိသားစုလေး (၄) ယောက်လုံး ဆင်တူဆံပင်ကေနဲ့ဖြစ်တော့မယ်ဆိုတာ အသေအချာပါပဲနော်။
Cele Star